ပရဟိတ ဇောက်ချလုပ်ရန် မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့မှ ဘီလ်ဂိတ် နုတ်ထွက်

ပရဟိတ ဇောက်ချလုပ်ရန် မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့မှ ဘီလ်ဂိတ် နုတ်ထွက်

မတ်လ ၁၄။              ။ မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့မှ ဘီလ်ဂိတ် နုတ်ထွက်ပြီဖြစ်ပြီး သောကြာနေ့တွင် စတင်အသက်ဝင်သည်ဟု မိုက်ခရိုဆော့ဖ်က ကြေညာသည်။

ဘီလ်ဂိတ်အနေဖြင့် Berkshire Hathaway ကုမ္ပဏီ ဘုတ်အဖွဲ့မှ ၎င်း၏ နေရာမှလည်း နုတ်ထွက်ထားပြီ ဖြစ်သည်။

“ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ရာ မိုက်ခရိုဆော့ဖ်နဲ့ Berkshire Hathaway ကုမ္ပဏီတွေရဲ့ ဘုတ်အဖွဲ့ နှစ်ရပ်စလုံးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ကျွန်တော် ချခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပရဟိတ လုပ်ငန်း တွေကို အချိန်ပေး ဇောက်ချလုပ်ချင်လို့ပါပဲ။”ဟု ဘီလ်ဂိတ်က LinkedIn မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

“တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှု၊ ပညာရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေးတို့မှာ မြုပ်နှံလုပ်ကိုင်သွားလိုတာကြောင့် ခုလို နှုတ်ထွက်ရတာပဲ ဖြစ်ပါတယ်။ Berkshire ကုမ္ပဏီတွေနဲ့ မိုက်ခရိုဆော့ဖ်က ခေါင်းဆောင်မှုမှာ အားမကောင်းခဲ့ဘူး။ ဒါကြောင့် ခုလို နုတ်ထွက်ဖို့က အချိန်အခါ ကောင်းပါပဲ။”ဟု ဘီလ်ဂိတ်က ရေးသားသည်။

“မိုက်ခရိုဆော့ဖ်အား လေးစားမှုနဲ့အတူ ဘုတ်အဖွဲ့မှ နုတ်ထွက်တာဟာ ကုမ္ပဏီကို ခွဲခွာသွားတာ မဟုတ်ပါ။ မိုက်ခရိုဆော့ဖ်ဟာ ကျွန်တော်ရဲ့ ဘဝလည်ပတ်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်း အမြဲဖြစ်နေမှာပါ။ ကုမ္ပဏီရဲ့ ရည် မှန်းချက်တွေကို ဖော်ဆောင်ပြီး တက်လှမ်းဆွတ်ခူးနိုင်အောင် ကြိုးစားရာမှာ စတေလာနဲ့ နည်းပညာခေါင်းဆောင်မှုပိုင်းကို ကျွန်တော် ဆက်လက် လက်တွဲမပျက် ရှေ့ဆက် လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ်အား ၂၀၁၈ က ကွယ်လွန်ခဲ့သော ပေါလ်အယ်လန်နှင့်အတူ ၁၉၇၅ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ယင်း ကုမ္ပဏီသည် ဘီလ်ဂိတ်သည် ၂၀၀၀ ခုနှစ်တိုင်အောင် စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စတိဗ်ဘောမားက နောက်ပိုင်းတွင် စီအီးအိုအဖြစ် တာဝန်ယူခဲ့သည်။

မိုက်ခရိုဆော့ဖ်၏ လက်ရှိ စီအီးအိုမှာ ၂၀၁၄ ခုနှစ်က စတင်တာဝန်ထမ်းဆောင်သည့် စတေလာနာဒယ်လာဖြစ်သည်။ ၂၀၁၄ တိုင်အောင် ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့၏ ဒါရိုက်တာဖြစ်ခဲ့သော်လည်း ၂၀၀၈ တွင် စတင်တည်ထောင်သည့် Bill & Melinda Gates Foundation ဖောင်ဒေးရှင်းအတွက် အချိန်ပို၍ ပေးလာခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required