ဥရောပက ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗဟိုချက်ဖြစ်လာ

မတ်လ ၁၄။                 ။ လက်ရှိ၌ ဥရောပဟာ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရဲ့ ဗဟိုချက် ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ ဘယ်အချိန်မှာ အမြင့်ဆုံး ဖြစ်မလဲဆိုတာကိုလည်း သိရဖို့ မဖြစ်နိုင်ဘူးလို့ WHO က သတိပေးပါတယ်။

ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းဟာ တရုတ်မပါဘဲ ကျန်တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားတဲ့ ကူးစက်သေဆုံးနှုန်းထက် ပိုပြီး များနေတယ်လို့ WHO အကြီးအကဲ တီဒရို့စ်အက်ဟန်နွမ်က ပြောပါတယ်။

“ဥရောပဟာ အခုဆိုရင် ကပ်ရောဂါ ပျံ့နှံ့မှုရဲ့ ဗဟိုချက် ဖြစ်လာပါပြီ။”လို့ ၎င်းက ပြောပါတယ်။

ဂျာနယ်လစ်တွေကြား ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တာ ရှိနေမှာကို ရှောင်ပြီး တတ်နိုင်သမျှ ချုံ့ပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တီဒရို့စ်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ဥရောပမှာ နေ့စဉ် ကူးစက်ဖြစ်ပွားတဲ့ သတင်းကြားရတာဟာ တရုတ်မှာ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးအချိန်က နှုန်းထားထက်တောင် နေ့စဉ် ကူးစက်ဖြစ်ပွားနှုန်းက ပိုများနေတယ်။”လို့ ၎င်းက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဒီဇင်ဘာလအတွင်းက စတင်ထွက်ပေါ်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ သေဆုံးနှုန်းဟာ ၅၀၀၀ ကျော်သွားပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၃၄၀၀၀ ကျော် ရှိကြောင်း အေအက်ဖ်ပီရဲ့ စာရင်းပြုစုမှုအရ သိရပါတယ်။

သေဆုံးသူ ငါးထောင်ကျော်လာတာဟာ စိတ်မကောင်း ဝမ်းနည်းစရာ မှတ်တိုင်တစ်ရပ်ပဲလို့ တီဒရို့စ်က ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required