ထိုင်းနိုင်ငံ၌ ၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ဒီမိုကရေစီ ချီတက်ဆန္ဒပြပွဲ ပြုလုပ်

ထိုင်းနိုင်ငံ၌ ၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ဒီမိုကရေစီ ချီတက်ဆန္ဒပြပွဲ ပြုလုပ်

ဘန်ကောက်၊ မတ် ၁၄။              ။ ထိုင်းနိုင်ငံမှာ မတ်လ ၁၃ ရက်က ဒီမိုကရေစီလိုလားတဲ့ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာ စစ်တပ်မဟာမိတ်အစိုးရလက်အောက်ရောက်နေတဲ့ နိုင်ငံ့အခြေအနေအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ်အနေနဲ့ အနက်ရောင် တီရှပ်တွေ ဝတ်ဆင်ပြီး  လွှတ်တော်ဆီ ချီတက်ခဲ့ကြကာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးဆန္ဒပြပွဲဖြစ်ပါတယ်။

ဒီမိုကရေစီထောက်ခံတဲ့ အတိုက်အခံ Future Forward Party ကို ဖျက်သိမ်းခြင်းနဲ့ Covid-19 ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်ပြီး  နိုင်ငံ့စီးပွားရေး ဒယိမ်းဒယိုင်ဖြစ်လာမှုတွေနဲ့အတူ စစ်ဦးစီးချုပ်ဟောင်း ပရာယွတ်ချန်အို ချာ အပေါ် မကျေနပ်မှုတွေ များပြားလာတာပါ။

ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က တက္ကသိုလ်ဝင်းအတွင်းမှာ စုဝေးခဲ့ကြပြီး အခုအခါ မြို့တော် ဘန်ကောက်ရဲ့လမ်းမထက်ပေါ် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပရာယွတ်ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်အစိုးရဟာ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက် ပွဲဖြစ်ပြီး စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ကျင်းပခဲ့တာဖြစ်လို့ ပရာယွတ်ကို ပစားပေးထားခြင်းသာဖြစ်ကြောင်း ဝေဖန်သူတွေက ရှုတ်ချပြောဆိုခဲ့ကြပါတယ်။

အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ Black Friday ချီတက်ဆန္ဒပြပွဲကြီးဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကို လူကြိုက်နည်းလာတယ်ဆိုတာ ပြသလိုက်တာပဲဖြစ်ပါတယ်။

အများအားဖြင့် ကျောင်းသားတွေဦးဆောင်တဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေဟာ စစ်တပ်ရဲ့ချေမှုန်းမှုအောက်မှာ သွေးထွက်သံယိုနဲ့ အဆုံးသတ်ခဲ့ကြရတာပါ။ အခုချိန်မှာတော့ ဟောင်ကောင်ဆန္ဒပြပွဲ ရှေ့ဆောင် သာဓ ကတွေကြောင့် ကျောင်းသားတွေဟာ လူမှုမီဒီယာတွေကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ ပြန်လည်စည်းရုံးဆော်ဩလာပြီဖြစ်ပါတယ်။

အင်အားကြီးတဲ့ထိုင်းစစ်တပ်ဟာ နှစ်ပေါင်း ၉၀ နီးပါးအတွင်း ၁၂ ကြိမ်တိုင်တိုင် အောင်မြင်စွာအာဏာသိမ်းနိုင်ခဲ့ပြီး နိုင်ငံရေးမှာ နေရာယူဆဲဖြစ်ပါတယ်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required