ဆိုမာလီတွင် ဟိုတယ်တစ်လုံးကို အစ္စလာမ်မစ်အစွန်းရောက်များ တိုက်ခိုက်၍ ၁၅ ဦးသေဆုံး

ဆိုမာလီတွင် ဟိုတယ်တစ်လုံးကို အစ္စလာမ်မစ်အစွန်းရောက်များ တိုက်ခိုက်၍ ၁၅ ဦးသေဆုံး

ဆိုမာလီနိုင်ငံရှိ မြို့တော် မိုဂါဒစ်ရှုးတွင် ဟိုတယ်တစ်လုံးအား အယ်လ်ရှာဘ်အစ္စလာမ်မစ်အစွန်းရောက်များ တိုက်ခိုက်ရာ လူပေါင်း ၁၅ ဦးသေဆုံးသည်။

တိုက်ခိုက်ရေးသမားများက ဟိုတယ်တို့ ဝင်မစီးမီ ကားဗုံးနှစ်လုံးဖောက်ခွဲတိုက်ခိုက်ကာ ဝင်စီးခြင်းဖြစ်သည်ဟု ရဲက ပြောသည်။

ထိုသို့ဟိုတယ်အား ဝင်စီးထားသည်ကို အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကာ ပြန်လည်၍ လက်ရထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဖရိကယူနီယံတပ်ဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များက ပြောသည်။

ယင်းဟိုတယ်သည် ဆိုမာလီတွင် လူသိများကျော်ကြားသည့် ဟိုတယ်တစ်လုံးဖြစ်ပြီး အမတ်များ လာရောက်တည်းခိုတတ်လေ့ရှိသည့် ဟိုတယ်ဖြစ်သည်။

အယ်လ်ရှာဘတ်အဖွဲ့နှင့် ပတ်သက်မှုရှိသည့် ဝက်ဘ်ဆိုက်တွင် ယင်းဟိုတယ်တိုက်ခိုက်မှုကို အယ်လ်ရှာဘတ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။ အရပ်သားများ သေကျေပျက်စီးမှု နည်းရန် နံနက်ပိုင်းအချိန်ကို ရွေးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာထားရာတွင် ဖော်ပြထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required