မြန်မာ - အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံဈေး ရက် အကန့်အသတ်မရှိပိတ်

မြန်မာ - အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံဈေး ရက် အကန့်အသတ်မရှိပိတ်
ဓာတ်ပုံ - စိုးသူအောင် ပုံ - တမူးမြို့ နန်းဖာလုံဈေး

ရန်ကုန်၊ မတ် ၁၃။                ။ အိန္ဒိယဘက်မှ နယ်စပ်တလျောက် ဝင်ပေါက်ဂိတ်များအား ပိတ်ခဲ့ခြင်းကြောင့် မြန်မာ - အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၏ အဓိက ဈေးကြီးဖြစ်သည့် နန်းဖာလုံဈေးကို ရက် အကန့်အသတ်မရှိ ပိတ်ခဲ့ရကြောင်း ဈေးခေါင်းရုံး ဉက္ကဋ္ဌ ကိုဖိုးသားက မဇ္ဈိမသို့ ပြောသည်။

အရောင်းအဝယ် မရှိတော့သည့်အတွက် မလိုလားအပ်သည့် ပြဿနာများ၊ ပျောက်ရှမှုများ မဖြစ်ပွားစေရန် ဈေးကို ပိတ်ရ ခြင်းဟု ၎င်းက ဆိုသည်။

တမူးမြို့ နန်းဖာလုံဈေးခေါင်းရုံးဥက္ကဋ္ဌ“ ဒီဘက်က နယ်စပ်ဂိတ်တွေ အကုန် ပိတ်ထားတာပေါ့။ ဒီဘက် မြန်မာဘက်က လည်း ပိတ်ထားတာပေါ့။ ရက် အကန့် အသတ် မရှိ ဖြစ်နေတာပေါ့။ အဲ့တော့ အရောင်းအဝယ်လည်း မရှိ တော့ ဈေးလည်း ပိတ်ထားတယ်။ ဈေးမှာလည်း အကုန် အသင့်ပေါ့၊ ကာကွယ်ရေးလုပ် ထားကြတယ်” ဟု ဆိုသည်။

ထို့ကြောင့် မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားကာ ဈေးအတွင်းမှ ပစ္စည်းများကို ထုတ်ယူ ခွင့်ပြုနေပြီး မတ်လ ၁၄ ရက်မှ စတင်ကာ လုံခြုံရေးများချကာ ဈေး အဝင်/အထွက် အားလုံးကို ကန့်သတ်ထားမည် ဖြစ်သည်။
အဆိုပါ ဈေးပိတ်မှုနှင့်ပတ်သက်ပြီး နန်းဖာလုံဈေး တာဝန်ရှိသူများနှင့် ဈေးသူ/ ဈေးသားတချို့တို့ သဘောထားများ ကွဲလွဲနေကြကြောင်း သိရသည်။

အထည်ရောင်းသည့် တမူးဒေသခံ တီလျူလျန်းက “ ဈေးသူ/ဈေးသားတွေကတော့ ၂ ရက်၊ ၃ ရက် ရှိပြီဆိုတော့ သွားချင် တယ်၊ ရောင်းချင်တယ်ပေါ့။ သူတို့ သိမ်းသိမ်း ဆိုတော့ ကျွန်တော်လည်း သိမ်းပြီး ပြန်ခဲ့ပြီအခု၊ အဓိက တော့ ဖွင့်ချင်တယ် ပေါ့ဗျာ။ ဘယ်လောက်ပဲ ရောင်းရ၊ ရောင်းရ” ဟု ပြောသည်။

နန်းဖာလုံဈေးသည် မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ရှိ အဓိကဈေးဖြစ်ကာ ယခုကဲ့သို့ ဈေးပိတ်ထားခြင်းကြောင့် တစ်ရက်ကို ပျဉ်းမျှ မြန်မာကျပ်ငွေ သိန်း ၅၀၀၀ ခန့် နစ်နာနိုင်ကြောင်း နန်းဖာလုံဈေးခေါင်းရုံးမှ သိရသည်။
နန်းဖာလုံဈေးသည် ၃ ဧကခန့် ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်နှင့် ဈေးရုံပေါင်း ၂၈ ရုံရှိကြောင်း သိရသည်။  

ရောဂါ ကူးစက်ခံရသူ ၄၀ ဦးကျော် ရှိပြီဟု အိန္ဒိယအစိုးရမှ တရားဝင် ကြေညာ ထားပြီးနောက် မြန်မာနိုင်ငံနှင့် ထိစပ်နေ သည့် တမူးနယ်စပ် ကုန်သွယ်ရေး ဂိတ်နှစ်ခုနှင့် ချင်းပြည်နယ် ရိခေါ်ဒါရ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ကို ကြိုတင် အကြောင်း မကြားဘဲ ပိတ်ချခဲ့ခြင်းလည်း ဖြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly