အိပ်မက်ကို လက်တွေ့ အသက်သွင်းခဲ့ကြတဲ့ Vietjet ရဲ့ အမျိုးသမီးခေါင်းဆောင်များ

အိပ်မက်ကို လက်တွေ့ အသက်သွင်းခဲ့ကြတဲ့ Vietjet ရဲ့ အမျိုးသမီးခေါင်းဆောင်များ

ရန်ကုန်၊မတ်လ ၁၂။           ။ မြန်မာအမျိုးသမီးများအနေဖြင့် လူမှုပတ်ဝန်းကျင်၏ သတ်မှတ်ချက်များကို တွန်းလှန်ရခြင်း၊ မိမိတို့၏ အခွင့်အရေးများ၊ ပညာရေး၊ လုပ်ငန်းခွင်၊ အလုပ်အကိုင် ရရှိမှုတို့နှင့် စပ်လျဉ်း၍ ကျား/မ တန်းတူညီမှုရှိရေး၊ နိုင်ငံရေးနှင့် အဖွဲ့အစည်းများရှိ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် နေရာများတွင် အမျိုးသမီး ပါဝင်ခွင့် နည်းပါးခြင်းတို့အတွက် ကြိုးစား ရုန်းကန် နေခဲ့ရသော်လည်း ယခုအခါတွင် မြန်မာ နိုင်ငံမှ အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးမှု စသည့် ကဏ္ဍအမျိုးမျိုးတွင် အရေးပါ အရာရောက်သော နေရာများမှ ပါဝင်နေနိုင်ကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမှုပတ်ဝန်းကျင်၏ သတ်မှတ်ချက်များမှာ ပြောင်းလဲစ ပြုနေပြီဖြစ်ပြီး၊ အမျိုးသမီးများ၏ စီးပွား စွမ်းအား မြှင့်တင်မှုများကို ဆက်လက် ပြုလုပ်သွားရဦးမည် ဖြစ်သည်။အမျိုးသမီးများ ပါဝင်မှု အား ကောင်းလာသည့် လက်တွေ့ ဥပမာများ များစွာရှိသည့်အထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ကဏ္ဍတွင် အရေးပါဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် နေရာတွင် ပထမဦးဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင် ဆန်းစုကြည်က တာဝန်ယူ ဆောင်ရွက်ခွင့် ရရှိခြင်း၊ စီးပွားရေး ကဏ္ဍတွင် ထူးချွန်ထက်မြက်သော အမျိုးသမီး ဦးဆောင်သူများ ရှိလာခြင်းတို့ကို တွေ့နိုင်မည်ဖြစ်သည်။

ယခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အနေဖြင့် နိုင်ငံတစ်ဝန်း၏ ကဏ္ဍ အသီးသီး၏ စွမ်းဆောင်ရည် မြင့်မား၍ အောင်မြင်မှုများ ရယူပိုင်ဆိုင်နေသော အမျိုးသမီးများ၏ ဘဝအ ကြောင်းများကို မျှဝေ ပေးလိုက်ရပါသည်။

ဗီယက်နမ်နိုင်ငံတွင် ခရီးသည်အရေအတွက် အများဆုံး သယ်ယူပို့ဆောင်ပေးလျက်ရှိသော ထိပ်တန်း လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Vietjet ၏ အောင်မြင်မှုက ကုမ္ပဏီရှိ ထူးချွန်သော အမျိုးသမီး ခေါင်းဆောင်များ၏ ကြိုးစား အားထုတ်မှု များကို ထင်ဟပ်လျက်ရှိသည်။

မြန်မာအမျိုးသမီးများ အနေဖြင့် ၎င်းတို့၏ အိပ်မက်များ၊ ရည်မှန်းချက်များအတွက် ကြိုးစားနိုင်ရန်၊ ဘဝတွင် အောင်မြင်မှု ရရှိရန် မိမိကိုယ်ကို ယုံကြည်မှုရှိရေး စိတ်ခွန်အား ပေးနိုင်ရန် ရည်ရွယ်၍ Vietjet တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အမျိုးသမီးခေါင်းဆောင်များ၏ အကြောင်းကို မျှဝေလိုက်ရပါသည်။

အတွဲညီသော ဥက္ကဋ္ဌနှင့် CEOVietjet ၏ ဥက္ကဋ္ဌဖြစ်သူ Nguyen Thanh Ha ၊ President နှင့် CEO ဖြစ်သူ Nguyen Thi Phuong Thao တို့ကို ပြည် တွင်း၊ ပြည်ပ ဈေးကွက်များအတွင်း ၎င်းတို့၏ အကြံဉာဏ်ကောင်းများ၊ လုပ်ဆောင်ချက်ကောင်းများ၊ အောင်မြင်မှုများ ကြောင့် လုပ်ငန်းတစ်ခုကို ချောမွေ့စွာ ဦးဆောင်ရာတွင် “အတွဲညီသူများ”အဖြစ် လူသိများ ကြသည်။

Vietjet ၏ Chairwoman ဖြစ်သူ Nguyen Thanh Ha

ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော Madam Nguyen Thanh Ha သည် Vietjet ၏ တွဲဖက်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ကာ၂၀၀၇ ခုနှစ်ကတည်းကစ၍ ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သူဖြစ်သည်။ Vietjet သို့ မဝင်ရောက်မီ Ha သည် Civil Aviation Authority of Vietnam (CAAV) ၏ တွဲဖက်အထွေထွေ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။

သတင်းမီဒီယာရှေ့သို့ ထွက်လေ့ မရှိတတ်သော Ha သည် ၎င်း၏ အလုပ်အပေါ်တွင် လွန်စွာ စိတ်အားထက်သန်မှုရှိသော ရိုးရှင်းသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။

၎င်းသည် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလုပ်ငန်း နယ်ပယ်တွင် အတွေ့အကြုံများစွာ ရှိထားသူ ဖြစ်ပြီး Vietjet အနေဖြင့် လူတိုင်းအတွက် လေယာဉ်စီးနင်း နိုင်ခွင့်များ ပိုမိုပေးအပ်နိုင်ကာ ဗီယက်နမ်နိုင်ငံ၏ လေကြောင်း လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ပံ့ပိုးကူညီပေးနိုင်သည့် ရှေ့ပြေး လေကြောင်းလိုင်း တစ်ခုဖြစ်လာရေး စိတ်အား ထက်သန်စွာ လုပ်ကိုင် နေသူဖြစ်သည်။

Ha သည် Security Committee နှင့် Human Resources Committee တို့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသလို Vietjet ၏ Covid-19 Emergency Committee တွင်လည်း အကြီးအကဲအနေဖြင့် တာဝန်ယူ ထားသည်။

Nguyen Thanh Ha က “ကောင်းကင်ပေါ်မှာ၊ လေယာဉ်တွေရဲ့ အတောင်ပံတွေပေါ်မှာ ပိုကောင်းတဲ့ အနာဂတ်ရှိတယ်လို့ ကျွန်မတို့ ယုံကြည်ထားပြီး အဲဒီအနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်မတို့ ကြိုးစား လုပ်ဆောင် နေပါ တယ်”ဟု ပြောထားဖူးသည်။

ထိုအနာဂတ်ဆီသို့ အရောက်လှမ်းမည့် Vietjet ၏ ခရီးလမ်းတွင် Ha နှင့်အတူ တက်ညီလက်ညီ လုပ်ကိုင်လျက် ရှိသူမှာ “ Vietjet ၏ President ၊ CEO နှင့် Co-founder ဖြစ်သူ Madam Nguyen Thi Phuong Thao”ပင် ဖြစ်သည်။

Vietjet ၏ Vice President ဖြစ်သူ Ho Ngoc Yen Phuong

President နှင့် CEO ဖြစ်သူ Nguyen Thi Phuong Thao သည် လေကြောင်းလိုင်း တစ်ခုကို ကိုယ်တိုင် တည်ထောင်နိုင် သည့် ပထမဦးဆုံး အမျိုးသမီး ဘီလီယံနာ တစ်ဦးဖြစ်ကာ ၎င်း၏ အသက် ၂၁ နှစ် အချိန်တွင်ပင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ဝင်ငွေ ရှိလာသူတစ်ဦး ဖြစ်သည်။

၎င်းသည် Forbes မဂ္ဂဇင်း၏     ကမ္ဘာတစ်ဝန်း ဩဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းတွင် (၄)ကြိမ် တိုင်တိုင် ဖော်ပြခြင်း ခံခဲ့ရသူဖြစ်ကာ ဗီယက်နမ်နိုင်ငံမှ တစ်ဦးတည်းသော စာရင်းဝင်ခဲ့သူလည်း ဖြစ်သည်။

ထိုသို့ အောင်မြင်မှုများ ရှိနေသည့် ဟနွိုင်းမြို့ ဇာတိဖြစ်သော Nguyen Thi Phuong Thao သည် ဖော်ရွေမှုရှိကာ ကိုယ်ချင်း စာနာတတ်ပြီး နှစ်လိုဖွယ်ရာလည်း ကောင်းသူ ဖြစ်သည်။ သူ၏ ရိုးရှင်း၍ ပြည့်ဝသော စိတ်ထား ကြောင့်ပင် တခြားသူများက “Madam” ဟု မခေါ်စေပဲ “အစ်မ” ဟုသာ သုံးနှုန်း စေတတ်သူ ဖြစ်သည်။

Thao သည် အလုပ်ကို မနားမနေ ကြိုးစား လုပ်ကိုင်တတ်သောကြောင့်လည်း အများက လေးစားခြင်းကိုခံရသူဖြစ်ပြီး သူမသည် ည ၂ နာရီအထိ အလုပ်လုပ်တတ်ကာ နံနက် ၅ နာရီဆိုလျှင် အိပ်ယာမှ ထတတ်မြဲ ဖြစ်သည်။

မကြာသေးမီ အချိန်က သတင်းမီဒီယာတစ်ခု၏ “ငွေတွေအများကြီး ရှာတာ ဘာအတွက်လဲ” ဟူသော မေးခွန်းကို Thao က “ငွေအများကြီး ရှာတာက အိပ်မက်ကြီးကြီးတွေ ထားရှိဖို့၊ လူတွေ အများကြီးကို ကူညီနိုင်ဖို့ပါ”ဟု မျှဝေ ပြောထားဖူး သည်။

အမျိုးသမီးများ အနေဖြင့် အခက်အခဲများကို ကျော်လွှားရန်၊ ဘဝတွင် စိတ်ကျေနပ်မှု ရရှိရန်အတွက် စွန့်လွှတ်မှု၊ စိတ်ရှည် သည်းခံမှု၊ ကြံ့ခိုင်မှုများ ရှိသည်ဟု Thao က ယုံကြည်ထားသည်။
အားကျလေးစားဖွယ်ရာ အမျိုးသမီး ခေါင်းဆောင်များ

Vietjet ၏ ဥက္ကဋ္ဌ၊ CEO တို့နှင့် လက်တွဲ၍ လုပ်ကိုင်လျက်ရှိသော နောက်ထပ် ထူးချွန်ထက်မြက်သည့် Vice President နှစ်ဦးမှာ Madam Nguyen Thi Thuy Binh နှင့် Madam Ho Ngoc Yen Phuong တို့ပင် ဖြစ်သည်။

Vietjet ၏ Vice President ဖြစ်သူ Nguyen Thi Thuy Binh

Vice President Thuy Binh သည် ဟနွိုင်းဇာတိဖြစ်ကာ ပြည်တွင်း/ပြည်ပ ဈေးကွက်များတွင် Vietjet ၏ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဈေးကွက်ချဲ့ထွင်မှု၊ ကုမ္ပဏီ၏ တန်ဖိုးတိုးတက်မှု တို့အတွက် တာဝန်ယူထားသူဖြစ်သည်။

Vice President Thuy Binh က “Vietjet ရဲ့ ကွဲပြားခြားနားမှုနဲ့ ရှာဖွေ တွေ့ရှိမှု တွေက ကျွန်မတို့ ဈေးကွက်ကို ဘယ်လို ရှုမြင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ Vietjet အနေနဲ့ ဈေးကွက်တစ်ခုကို ရေ တစ်ဖန်ခွက်လိုပဲ မြင် ပါတယ်။ အဲဒီထဲမှာ ဘာရှိနေပြီးသားလဲ ဆိုတာကို မကြည့်ပါဘူး၊ ဘာထပ်ပြီး ထည့်လို့ ရမလည်း ဆိုတာကိုပဲ ကြည့်ပါတယ်။ ဗီယက်နမ် လူမျိုး သန်း ၁၀၀ မှာ (၁)ရာခိုင်နှုန်းလောက်ကပဲ လေယာဉ်စီးတာ ဖြစ်တာကြောင့် Vietjet အတွက် ၉၉ ရာခိုင်နှုန်းစာလောက် နေရာ ရှိနေတာပဲ ဖြစ်ပါတယ်”ဟု ကုမ္ပဏီ၏ အောင်မြင်မှုနှင့် စပ်လျဉ်း၍ ပြောသည်။

Vice President Ho Ngoc Yen Phuong သည် ကုမ္ပဏီ၏ အရေးပါဆုံး နယ်ပယ်များထဲတွင် တစ်ခုဖြစ်သော ဘဏ္ဍာရေး ပိုင်းကို တာဝန်ယူထားသူ ဖြစ်သည်။

ဘဏ္ဍာရေး လုပ်ငန်းပိုင်းဆိုင်ရာ လုပ်သက် အတွေ့အကြုံနှစ် ၂၀ ကျော် ရှိထားသူဖြစ်ကာ အထူးသဖြင့် ငွေကြေးကြီးကြပ် စီမံရေး၊ ငွေကြေးစီမံမှုဆိုင်ရာ စနစ်များ တည်ဆောက်ရေး၊ ငွေစာရင်းစီမံမှုနှင့် လုပ်ငန်းတွင်း စာရင်း စစ်ဆေးမှုဆိုင်ရာ တို့ တွင် အတွေ့အကြုံများ ရှိထားသူ ဖြစ်သည်။

Vietjet ၏ President နှင့် CEO ဖြစ်သူ Nguyen Thi Phuong Thao

ဟူးမြို့ဇာတိဖြစ်သောYen Phuong က Vietjet အဖွဲ့သားများသည် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် မဆုတ်မနစ် ကြိုးစားတတ်သူများ ဖြစ်သလို လုပ်ငန်းခွင်တွင် စိတ်နှစ် လုပ်ဆောင် တတ်ကြ ကာ လူသန်းပေါင်း များစွာအတွက် လေယာဉ် စီးနင်းနိုင်ရေး အခွင့်အရေးများ ဖန်တီးပေးရေးကိုလည်း ဂုဏ်ယူစွာ ဆောင်ရွက် တတ်ကြသည်ဟု ဆိုသည်။

Yen Phuong က “ Vietjet က ဗီယက်နမ်နိုင်ငံနဲ့ လူမျိုးတွေရဲ့ အနာဂတ်မှာ အိပ်မက်တွေ၊ ယုံကြည်ချက်တွေကို ဖြည့် ဆည်း ပေးရင်းနဲ့ ကောင်းကင် နယ်မြေအသစ်တွေကိုလည်း ဆက်လက် ဖြန့်ကျက်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ဤကဲ့သို့ လှပထူးချွန်သော အမျိုးသမီး ခေါင်းဆောင် (၄)ဦး၏ အောင်မြင်မှုသည် Vietjet ကုမ္ပဏီရှိ ဝန်ထမ်း တစ်ဦးချင်းစီ တိုင်းကို စိတ်ခွန်အား ပေးစွမ်းနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအမျိုးသမီးများသည် ကုမ္ပဏီ အတွင်းအရေးပါသော ရာထူးနေရာများကို အမျိုးသမီး ဝန်ထမ်းများက ရယူနိုင်ရန်၊ လေယာဉ်မှူး ကဲ့သို့သော အမျိုးသားများသာ လုပ်ကိုင်နိုင် သည်ဟု ယူဆထားကြသည့် ရာထူးနေရာများတွင် အမျိုးသမီးများက အောင်မြင် စွာ တာဝန် ထမ်းဆောင် နိုင်ရန်အတွက် အမျိုးသမီးများစွာကို အားပေးကူညီလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly