Prudential Myanmar နှင့် ရိုးမဘဏ်တို့ အသက်အာမခံ ဝန်ဆောင်မှု ပေးနိုင်ရေး နားလည်မှု စာချွန်လွှာရေးထိုး

Prudential Myanmar နှင့် ရိုးမဘဏ်တို့ အသက်အာမခံ ဝန်ဆောင်မှု ပေးနိုင်ရေး နားလည်မှု စာချွန်လွှာရေးထိုး
 ပုံ - Prudential Myanmar နှင့် ရိုးမဘဏ်တို့ နားလည်မှု စာချွန်လွှာရေးထိုးနေစဉ်။

ရန်ကုန်၊မတ်လ ၁၂။                 ။ အာရှထိပ်တန်း အသက်အာမခံ လုပ်ငန်းဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ လုပ်ငန်းခွဲ တစ်ခုဖြစ် သည့် Prudential Myanmar Life Insurance Limited နှင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များအနက် တစ်ခုဖြစ်သော ရိုးမ ဘဏ်တို့သည် မြန်မာနိုင်ငံ၏ အသက်အာမခံ ဝန်ဆောင်မှု လိုအပ်နေခြင်းကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့် မိတ်ဖက် အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီ ချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများသည် နေရာ ဒေသ အသီးသီးရှိ ဘဏ်ခွဲ ကွန်ရက်များမှ တဆင့် Prudential Myanmar ၏ ရေရှည် အာမခံ စုဆောင်းငွေနှင့် အာမခံ အကာအကွယ် များကို ချိတ်ဆက် ရယူနိုင်မည် ဖြစ်သည်။

Prudential Myanmar က ရင်းနှီးမြှုပ်နှံထားသည့် ခေတ်မီ နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာ ပျံ့နှံ့ ရောက်ရှိနိုင်သော ဈေးကွက်ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ကာ ဖြန့်ချိသွားမည့် အာမခံ ဝန်ဆောင်မှုများမှ တဆင့် ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို ပုံဖော်ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က “ မြန်မာနိုင်ငံက ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေး ဝန်ဆောင်မှု တွေကို အဆက်မပြတ် ဖန်တီးပေးနိုင်အောင် ကြိုးစားအားထုတ်နေတဲ့ ကျွန်တော်တို့ ရိုးမဘဏ်အတွက် ဒီပူးပေါင်း ဆောင် ရွက်မှုက ခြေလှမ်းသစ် တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ဝန်း ပျံ့နှံ့ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ အားသာ ချက်နဲ့ ကမ္ဘာ့ထိပ်တန်း အသက်အာမခံ ကုမ္ပဏီကြီးရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို ပေါင်းစပ် အသုံးချပြီး ဘဏ်ကနေ တဆင့် အာမခံ ဝန်ဆောင်မှုပေးတဲ့ (bancassurance) ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဝန်ဆောင်မှုတွေ ပေးအပ် သွားနိုင် မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ပုံ -Prudential Myanmar နှင့် ရိုးမဘဏ်တို့ နားလည်မှု စာချွန်လွှာရေးထိုးပွဲမှာ အမှတ်တရ ဓာတ်ပုံရိုက်စဉ်။

Prudential Myanmar ၏ CEO ဖြစ်သူMr.AsitRath က “ Prudential အနေနဲ့ မြန်မာနိုင်ငံမှာ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ရိုးမဘဏ်နဲ့ လက်တွဲလုပ်ကိုင်သွားဖို့ အများကြီး မျှော်လင့်ထားပါတယ်။ ရိုးမဘဏ်က ပြည်တွင်းမှာ ဒီဂျစ် တယ်စနစ် အသုံးချပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဆန်းသစ် တီထွင်မှု အရှိဆုံးဘဏ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်လာနေတဲ့ အာမခံ ဈေးကွက်ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်လာနေတဲ့ အာမခံဈေးကွက်မှာ ပြည်သူတွေဆီ ပိုပြီး ပျံ့နှံ့စေနိုင် တဲ့အတွက် သူတို့ရဲ့ ငွေကြေးဆိုင်ရာ စိတ်ကူး အိမ်မက်တွေ၊ ဘဝရည်မှန်းချက်တွေကို တကယ် ဖြစ်လာအောင် ကူညီပေး နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ Prudential Myanmar ရဲ့ လူတိုင်း၊ လူတိုင်းဘယ်နေရာကနေဖြစ်ဖြစ် click တစ်ချက် နှိပ်လိုက် တာနဲ့ အသက်အာမခံ ဝန်ဆောင်မှု ရနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ခြေလှမ်း တစ်လှမ်း နီးကပ် လာပါပြီ။ ရိုးမဘဏ်နဲ့အတူ အတွဲညီညီ လုပ်ကိုင်ဆောင်ရွက်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

အာရှဒေသတွင် Prudential က အာမခံ လုပ်ငန်းများ လုပ်ကိုင်လာခြင်းသည်မှာ နှစ်ပေါင်း ၉၅ နှစ် ရှိပြီ ဖြစ်သည်။

ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ စသဖြင့် ဈေးကွက် ၁၃ ခုတွင် အသက်အာမခံ လုပ်ငန်းများ၊ အာမခံ စုဆောင်းငွေ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အာမခံ လုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly