လီဗာပူးလ်ကို အလဲထိုး အနိုင်ယူနိုင်မယ်ဆိုတာ အက်သလက်တီကို သိထားတယ်လို့ ထရစ်ပီယာ ပြော

လီဗာပူးလ်ကို အလဲထိုး အနိုင်ယူနိုင်မယ်ဆိုတာ အက်သလက်တီကို သိထားတယ်လို့ ထရစ်ပီယာ ပြော
Photos: EPA

ဗုဒ္ဓဟူးနေ့က လီဗာပူးလ်ကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေပြီးနောက် အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ကီရန် ထရစ်ပီယာက သူ့ရဲ့အသင်းဟာ လက်ရှိချန်ပီယံကို အနိုင်ယူနိုင်မယ်ဆိုတာ အမြဲတမ်း ယုံကြည်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

အက်သလက်တီကိုဟာ ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ အန်ဖီးလ်မှာ လီဗာပူးလ်ကို ၃-၂ ဂိုးနဲ့ အနိုင်ယူပြပြီး နှစ်ကျော့ပေါင်း (၄-၂)ဂိုးနဲ့ နောက်တစ်ဆင့် ကွာတားဖိုင်နယ်ကို က်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုက ပထမအကျော့ (၁-၀)ဂိုးနဲ့ အနိုင်ရထားပေမယ့် ဝိုင်နယ်လ်ဒမ်းနဲ့ ဖာမီနိုတို့ကနေ လီဗာပူးလ်အတွက် ဂိုးတွေသွင်းယူပြီးနောက် ပြိုင်ပွဲကနေ ထွက်ရဖို့ နီးစပ်ခဲ့ပါတယ်။

ဒါပေမယ့် လူစားဝင်လာတဲ့ မားကို့စ် လော်ရန်တေးက အက်သလက်တီကိုအတွက် (၂)ဂိုးသွင်းယူသွားခဲ့သလို အချိန်ပိုပြီးခါနီးမှ မိုရာတာက နောက်ထပ်တစ်ဂိုးသွင်းခဲ့လို့ (၄-၂)နဲ့ ပွဲပြီးခဲ့ပါတယ်။

စပါးအသင်းညာနောက်ခံလူဟောင်း ထရစ်ပီယာက သူတို့ဟာ ပရီးမီးယားလိဂ်ဦးဆောင်သူတို့ကို အလဲထိုးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ မပျောက်ဆုံးခဲ့ဘူးလို့ ဆိုပါတယ်။

"အရမ်းခက်ခဲမယ်ဆိုတာ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် ခံစစ်ကို ခိုင်မာနေဖို့ လိုအပ်သလို ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားပြီး လီဗာပူးလ်ကို တားဆီးဖို့ပါ။ ဖာမီနို၊ ဆာလာနဲ့ မာနေးတို့ရဲ့ ဖိအားပေးတာကို ကျနော်တို့ အနိုင်ယူမယ်ဆိုရင် အခွင့်အရေးတွေ ရလာမယ်ဆိုတာ ကျနော်တို့ နားလည်ထားပါတယ်။"လို့ ထရစ်ပီယာက BT Sport ကို ပြောပါတယ်။

"လီဗာပူးလ်က အိမ်ကွင်းမှာ အရမ်းမာကျောပါတယ်။ ကျနော် ပရီမီးယားလိဂ်မှာ သူတို့နဲ့ အကြိမ်အများကြီး တွေ့ဆုံဖူးတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အခွင့်အရေးတွေ ရမယ်ဆိုတာ သိထားပြီး အဲဒီအခိုင်အတန့်တွေမှာ လက်တွေ့ဖြစ်လာခဲ့တယ်။"

"အက်သလက်တီကိုဟာ ခံစစ်ပိုင်း ဘယ်လောက် မာကျောတယ်ဆိုတာ ဒီနှစ်တွေ တစ်လျှောက်မှာ ခင်ဗျာ မြင်တွေ့ခဲ့ရမှာပါ။ ကျနော်တို့ ဒီညမှာလည်း ပြန်လုပ်ပြခဲ့တယ်။ လူစားလဲပြောင်းလဲမှုတွေက ကျနော်အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့ပါတယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly