အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားများ ဧပြီလ နောက်ဆုံးတင်ပြရမည်

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားများ ဧပြီလ နောက်ဆုံးတင်ပြရမည်

နေပြည်တော်၊မတ်လ ၁၁

အနည်းဆုံးအခကြေးငွေကို တတိယကြိမ်ပြင်ဆင်သည့် အဆိုပြုနှုန်းထားများကို ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အကြောင်းကြားထားကြောင်း သိရသည်။

မတ်လ ၁၁ရက်နေ့ နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြု လုပ်ခဲ့သည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီ၏ ပထမအကြိမ်ညှိုနှိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားရမည်ဟု ဝန်ကြီးက ဆိုသည်။

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly