လက်ဆွဲနှုတ်ဆက်ခြင်းမလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးဝန်ကြီး ညွှန်ကြားထား

လက်ဆွဲနှုတ်ဆက်ခြင်းမလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးဝန်ကြီး ညွှန်ကြားထား

မန္တလေး၊ မတ်၁၁

COVID-19 နဲ့ပတ်သက်ပြီး ပြည်သူတွေအနေဖြင့်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန် ဖေဖေါ်ဝါရီ ၁၀ရက်နေ့က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

"ကျွန်မအနေနဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှ လက်ဆွဲ နှုတ်ဆက်လို့ မရပါဘူး။ ပြည်သူတွေ အချင်းချင်းလည်း လက်ဆွဲ နှုတ်ဆက်တာ မလုပ်ကြဖို့ အခုလောလောဆယ်မှာ ကျွန်မ တိုက်တွန်းဖို့ တာဝန်အရ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးသိတဲ့အတိုင်း ကိုဗစ် 19 ရောဂါဟာ ကျွန်မတို့နိုင်ငံမှာ မဝင်ရောက်သေးဘူးဆိုပေမယ့် ဝင်မယ် မဝင်မယ်ဆိုတာ သေချာတဲ့ အခြေအနေလည်း မရောက်သေးပါဘူး။"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရိုက်ကူး/တည်းဖြတ်-အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly