ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတစ်နိုင်ငံလုံးအား ပိတ်ထားပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတစ်နိုင်ငံလုံးအား ပိတ်ထားပြီ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုကြောင့် အီတလီနိုင်ငံက သန်း ၆၀ ကျော် ပြည်သူတွေကို မကြုံစဖူး တစ်နိုင်ငံလုံးဆိုင်ရာ ပိတ်ပင်တားဆီးမှုတွေ ပြဌာန်းချမှတ်လိုက်ပြီဖြစ်ပါတယ်။

ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နှိမ်နင်းရေးမှာ အောင်မြင်မှုတွေ ရနေချိန်မှာပဲ အီတလီမှာ ခုလို ဆိုးဝါးစွာ ကြုံတွေ့နေရတာပါ။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုကြောင့် ရေနံဈေးလည်း ထိုးကျပြီး ဘဏ္ဍာရေးဈေးကွက် ယိမ်းယိုင်ကာ တစ်ကမ္ဘာလုံးဆိုင်ရာ ဒေါ်လာ ဘီလီယံနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးအနှံ့ ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါဘေး ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပြီး အကြီးအကဲဖြစ်သူ တီဒရို့စ်အက်ဟမ်နွမ်က လူပေါင်း ၄၀၀၀ ကျော် သေဆုံးပြီ ဖြစ်တဲ့ ဒီဗိုင်းရပ်စ်အရေးအတွက် ကမ္ဘာကြီးအနေနဲ့ စိတ်မအေးရကြောင်း ပြောပါတယ်။

အီတလီမှာ တစ်နိုင်ငံလုံးကို ခရီးသွားလာခြင်းတွေနဲ့ လူထုစုဝေးတာတွေအပါအဝင် တားမြစ်ချက်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဂူစပီကွန်တီက ပြည်သူတွေအနေနဲ့ အိမ်ထဲမှာပဲ နေကြရန် အမိန့်ပေးထားပြီး လိုအပ်လို့ ခရီးသွားရမယ်ဆို ခွင့်ပြုချက်တောင်းဖို့ ပြောဆိုတိုက်တွန်းထားပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required