သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြောသမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြော

သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြောသမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြော

မတ် ၁၀။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဆေးစစ်မှု ခံယူခဲ့သလား၊ မခံယူခဲ့ဘူးလားဆိုတာကို သူ့အနေနဲ့ မသိရှိပါဘူးဆိုပြီး ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။

သမ္မတ ထရမ့် ဒီဗိုင်းရပ်စ် စစ်ဆေးမှုလုပ်ခဲ့သလားဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုစဉ်မှာ ဒုသမ္မတ မိုက်ပန့်စ်က ဒီကိစ္စ သူမသိဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ အမေရိကန် လွှတ်တော်အမတ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတစ်ဦးနဲ့ ထိတွေ့မိခဲ့ကြတယ်လို့ သိရပြီး အဆိုပါ အမတ်တွေဟာ နောက်ပိုင်းမှာ သမ္မတ ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ကြတဲ့အတွက် သမ္မတထရမ့်ရဲ့ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ အလားအလာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ဗိုင်းရပ်စ် ကူးစက်ခံလူနာနဲ့ ထိတွေ့မိခဲ့တဲ့ ရီပတ်ဘလစ်ကန်အမတ်တချို့ဟာလည်း ဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်ရမှုကြောင့် သီးခြားခွဲပြီး နေထိုင်မှုတွေလည်း ရှိနေပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်မှာ သမ္မတထရမ့်အနေနဲ့ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဆေးစစ်မှုခံယူခဲ့တာမျိုး ရှိသလားဆိုပြီး သတင်းထောက်တွေက မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ ရိုးရိုးသားသား ပြောရရင် ဒါနဲ့ပတ်သက်လို့ ကျွန်တော် တကယ်မသိပါဘူး၊ ဒီမေးခွန်းကတော့ အိမ်ဖြူတော် ဆရာဝန်ကပဲ ဖြေပေးနိုင်ပါလိမ့်မယ်၊ ကျွန်တော်ကတော့ ဒီဗိုင်းရပ်စ် စစ်ဆေးမှု မလုပ်ထားပါဘူး” လို့ မိုက်ပန့်စ်က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required