နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ မေဝဲလ်သာ

နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ မေဝဲလ်သာ

နာမည်ကျော်လက်ဝှေ့သမား ဖလွိုက် မေဝဲလ်သာဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ အင်္ဂလန်မှာ ပြုလုပ်တဲ့ အရောင်းမြှင့်တင်ရေးအခမ်းအနားတစ်ခုမှာ အသိပေးသွားခဲ့ပါတယ်။

မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက UFC ကြယ်ပွင့် မက်ဂရီဂေါကို အနိုင်ယူပြီး သူ့ရဲ့ လက်ဝှေ့သမားဘဝ ပွဲ (၅၀) ရှုံးပွဲမရှိစံချိန် ရယူပြီးနောက်ပိုင်း ထိုးသတ်ခြင်း မရှိတော့ပေမယ့် အသက် (၄၃)နှစ် လက်ဝှေ့သမားဟာ ဒီနှစ်မှာ ပြန်လည် ထိုးသတ်ဖို့ရှိတယ်လို့ အရိပ်အမြွက်ပြောပါတယ်။

ကစားသမားဘဝတစ်လျှောက် ဒေါ်လာ (၁)ဘီလီယံအထိ ရှာဖွေနိုင်ခဲ့တဲ့ မေဝဲလ်သာဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ငှက်ကျားတွေလို့ နာမည်ပြောင်ရရှိထားတဲ့ နယူးကာဆယ်အသင်းမှာ ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားတဲ့အမူအယာတွေကို ပြသခဲ့တာဖြစ်ပါတယ်။

လက်ရှိ အသင်းပိုင်ရှင် မိုက်အက်ရှ်လေနဲ့ နည်းပြဟောင်း ကီဗင် ကီးလ်ဂန်းတို့ ၂၀၀၈ ခုနှစ်က လမ်းခွဲသွားပြီးနောက်ပိုင်း နယူးကယ်ဆယ်ပရိသတ်တွေက အသင်းပိုင်ရှင်သစ်ကို လိုလားနေကြတာဖြစ်ပါတယ်။

"ယူအက်စ်မှာတော့ ကျနော်တို့က soccer လို့ ခေါ်ဝေါ်ကြတာပါ။ ဒါပေမယ့် နယူးကာဆယ်ဘောလုံးအသင်းက မယုံကြည်နိုင်စရာ အသင်းပါ။ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ တကယ်လို့ လူတွေက နယူးကာဆယ်အသင်းကို ကျနော် ဝယ်ယူစေချင်တယ်ဆိုရင် အသိပေးကြပါ။"လို့ အမေရိကန်လက်ဝှေ့သမား မေဝဲလ်သာက ပြောဆိုခဲ့ပါတယ်။

မေဝဲလ်သာဟာ ညှိနှိုင်းမှုတွေ မရှိသေးပေမယ့် နယူးကာဆယ်ရှိ အစုရှယ်ယာကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ TMZ က ဖော်ပြထားတယ်လို့ သိရပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required