နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ထိုင်းမှာ အမျိုးသမီးတွေ စုရုံးချီတက်

နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ထိုင်းမှာ အမျိုးသမီးတွေ စုရုံးချီတက်
Photo  - AFP

မတ် ၈။        ။ ယနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာေတာ့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ရာနှင့်ချီတဲ့ အမျိုးသမီးတွေ စုရုံးချီတက်ခဲ့ကြပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန်ကာလမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်သမား အခွင့်အရေး အကာအကွယ်တွေ ရရှိဖို့ တောင်းဆိုရင်း အမျိုးသမီး ၃၅၀ ဝန်းကျင်လောက်ဟာ ဘန်ကောက်မြို့က ဒီမိုကရေစီ ကျောက်တိုင်ဆီ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ပူးပေါင်းထားတဲ့ အစိုးရတစ်ရပ်ရဲ့ အောက်မှာ ပိုမို ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိရေးကိုလည်း ယခု ချီတက်ခဲ့ကြတဲ့ အမျိုးသမီးတွေက တောင်းဆိုခဲ့ကြပါတယ်။

ဘန်ကောက်မှာတော့ ခုလို နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ဒီလိုချီတက်မှုတွေ ပြုလုပ်လေ့ ရှိပေမယ့် ယခုနှစ် ချီတက်ပွဲကတော့  မနှစ်ကနဲ့ယှဉ်ရင် ပိုသေးသွားတယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတာကြောင့် လူတစ်ချို့ဟာ ဒီချီတက်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိကြဘူးလို့ ပွဲစီစဉ်သူတွေက ပြောသွားခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly