ဖွဲ့စည်းပုံ ပြင်ဆင်ရေးကြောင့် တပ်မတော်၏ အခန်းကဏ္ဍကို ပြည်သူများသိသွားပြီဟုဆို

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကြောင့် တပ်မတော်၏ အခန်းကဏ္ဍကို ပြည်သူများသိသွားပြီဟုဆို

နေပြည်တော်၊ မတ်လ၆

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများ ၇ ရက်တာ ဆွေးနွေးမှုအပြီး၌ သာမာန်ပြည်သူများအနေဖြင့် ဖွဲစည်းပုံရေးဆွဲခဲ့သည့် အမျှော်အမြှင်နှင့် ရည်ရွယ်ချက်တို့အပြင် တပ်မတော်၏ အခန်းကဏ္ဍကို သိရှိမည့် အကျိုးအမြတ်တစ်ခု ရခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ႔ဖြိုးရေးပါတီ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ပြောသည်။

မတ်လ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်၌ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“သာမန်ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာ ဘယ်လောက်အထိ ဘယ်လိုအမျှော်အမြင်နဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရေးသားထားပြီးတော့ ဘယ်လောက်အထိ ပြည်သူတွေအတွက် အကျိုးရှိလဲ။ ဒီဥပဒေပြင်ဆင်ရေးမှာ အဓိကထားပြောနေတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍကရော ကွဲကွဲပြားပြားတော့ ပြည်သူတွေက သိနိုင်တယ်။ ဒီ အကျိုးအမြတ်တော့ရနိုင်တယ်။”ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ဆွေးနွေးမှုများသည် လက်ရှိချိန်၌ ပြီးဆုံးသွားပြီဖြစ်ပြီး ပြင်ဆင်ချက်များအပေါ် လာမည့် မတ်လ ၁၀ ရက်နေ့တွင် စတင်ကာ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly