မန္တလေးသင်္ကြန်ပွဲတော် ရပ်နားသင့်လျှင် ရပ်နားသွားမည်

မန္တလေးသင်္ကြန်ပွဲတော် ရပ်နားသင့်လျှင် ရပ်နားသွားမည်

မန္တလေး၊မတ်၆။                ။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုးရှိသူ မတွေ့ရသေးသော်လည်း လိုအပ်ပါက လူစုလူဝေးဖြင့်ပြု လုပ်ရမည့်ပွဲများအပြင် မန္တလေးသင်္ကြန်ပွဲတော်ကိုလည်း ရပ်နားသင့်လျှင် ရပ်နားသွား မည်ဟု လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ကပြောသည်။

 ဒီနှစ်မန္တလေးမြို့မှာ သင်္ကြန်ပွဲတော်ကို မဖြစ်မနေ ကျင်းပရဖို့ ဖြစ်လာရင် ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန် ချက်အတိုင်း အရေအတွက်ကို လျော့ချမယ်၊ လိုအပ်လို့ ပွဲတော်ကို ရပ်နားသင့်ရင်လည်း ရပ်နားသွားမှာပါ၊ ဒါက ကျန်းမာရေး ရှုထောင့်တစ်ခုတည်းမဟုတ်ပဲ လူမှုစီးပွားရှုထောင့်အားလုံးသုံးသပ်ရမှာဖြစ်ပါတယ်၊ လက်ရှိ မန္တ လေးမြို့မှာ ကျင်းပနေတဲ့ ရွှေစာရံဘုရားပွဲတော်ကိုလည်း လမ်းညွှန်ချက်အတိုင်းပဲ ကျင်းပနေတာပါ၊ ရောဂါကြို တင်ကာကွယ်မှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ထားပါတယ်၊ အကယ်၍ ကျွန်တော်တို့နိုင်ငံမှာ ရောဂါပိုးရှိသူ တွေ့ရှိခဲ့တာနဲ့ ပွဲတော်ကိုချက်ခြင်းနားမှာပါ``ဟု ၎င်းကပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးများ မဟာဘွဲ့နှင်းသဘင်၊ တပ်မတော်နေ့ အခမ်းအ နားနှင့် မတ် ၂၇ရက်နေ့တွင် ကျင်းပမည့် သနပ်ခါးပွဲတော်တို့ကိုလည်း ရက်ရွှေ့ဆိုင်းထားကြောင်းသိရသည်။

 သနပ်ခါးပွဲတော် လူစုလူဝေးများသွားမှာရယ်၊ ဝူဟန်ကြောင့်လည်း လူဝင်နည်းသွားမှာဖြစ်တဲ့အတွက် ရက်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားချက်မပါပါဘူး၊ ကျွန်တော်တို့အနေနဲ့ ပွဲကိုစီ စဉ်ပြီး တခုခုဖြစ်သွားရင် အဆင်မပြေဖြစ်ပေါ်မှာစိုးတဲ့အတွက်ပါ``ဟု မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ်သူ များအသင်း၊ ဥက္ကဋ္ဌဦးကျော်မိုးကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းသို့ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် လက်ရှိအချိန်၌ လူစုလူဝေးများပြားသော ပွဲလမ်းသဘင်များကို တတ်နိုင်သမျှ မပြုလုပ်နိုင်ရန်နှင့် ပွဲ လမ်းသဘင်များကျင်းပမည်ဆိုပါကလည်း COVID-19 ရောဂါပညာပေးအချက်အလက်များနှင့် လိုက်နာဆောင် ရွက်ရမည့် နည်းလမ်းများကို ပွဲမစတင်မှီ ငါးမိနစ်ခန့် အချိန်ယူပြောကြားရန် မှာကြားထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly