အမေရိကန်မှာ COVID-19 ကူးစက်မှု မြင့်တက်လာချိန် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၈ ဘီလီယံကျော် သုံးစွဲမည်

အမေရိကန်မှာ COVID-19 ကူးစက်မှု မြင့်တက်လာချိန် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၈ ဘီလီယံကျော် သုံးစွဲမည်

မတ် ၆။             ။ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) တိုက်ဖျက်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ သုံးစွဲမယ်လို့ ကြေညာသွားခဲ့ပါတယ်။

ခုလို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဒေါ်လာ ၈ ဘီလီယံကျော် သုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် လွှတ်တော်အမတ်တွေက အတည်ပြုသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယင်းနိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွေ မြင့်တက်လာခဲ့ပြီး နိုင်ငံမှာ သေဆုံးသူဦးရေဟာလည်း ၁၄ ဦးအထိ ရှိလာခဲ့ကြောင်း သိရပါတယ်။

ခုလို အရေးပေါ် ရန်ပုံငွေ သုံးစွဲမယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပြီးနောက် တစ်ရက်အကြာမှာ ဆိနိတ်လွှတ်တော်ကလည်း တညီတညွတ်တည်း အတည်ပြုပေးသွားခဲ့ပါတယ်။

ယခု ခွင့်ပြုလိုက်တဲ့ ရန်ပုံငွေ ပမာဏဟာ သမ္မတ ဒေါ်နယ်ထရမ့် ကနဦး တောင်းခံထားခဲ့တဲ့ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံထက် အတော်လေး များပြားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတောင်းခံတဲ့ ပမာဏထက် ပိုရရင်လည်း ဝမ်းသာမိမှာဖြစ်ကြောင်း ထရမ့်က ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required