ပျောက်ဆုံး ရုရှ ခရီးသည်တင်လေယာဉ် ပျက်ကျသွားခဲ့ပြီ အီဂျစ် အတည်ပြုပြောကြား

ပျောက်ဆုံး ရုရှ ခရီးသည်တင်လေယာဉ် ပျက်ကျသွားခဲ့ပြီ အီဂျစ် အတည်ပြုပြောကြား

အောက်တိုဘာ ၃၁၊ကိုင်ရို ။        ။ လေကြောင်းထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သော ရုရှ ခရီးသည်တင်လေယာဉ်မှာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း အီဂျစ် ဝန်ကြီးချုပ်က အတည်ပြုခဲ့သည်။

စီနိုင်ကျွန်းဆွယ်အလယ်ပိုင်းတွင် ပျက်ကျခဲ့သည်ဟုဆိုသော အဆိုပါ လေယာဉ်၏ အပျက်အဆီး အစိတ်အပိုင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိထားပြီးဟု အီဂျစ်အစိုးရက အောက်တိုဘာ ၃၁ ရက်တွင် အတည်ပြုပြောကြားသည်။

ပျက်ကျလေယာဉ် တည်ရှိနေသည့် တောင်ထူထပ်ရာ နေရာသို့ အရေးပေါ်လူနာတင်ယာဉ် ၄၅ စီး စေလွှတ်ထားပြီးဖြစ်သည်ဟု သိရသည်။

အီဂျစ်ဝန်ကြီးချုပ် ရှရစ်အစ္စမေလ် ကလည်း ယခု လေယာဉ်ပျက်ကျမှုကို ကိုင်တွယ်ရန် အရေးပေါ် ဘေးဒုက္ခ ဖြေရှင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ခရီးသည် ၂၀၀ ကျော် ပါရှိသွားသည့် အဆိုပါ A-321 အဲယားဘတ်စ် လေယာဉ်သည် ရုရှ လေကြောင်းလိုင်း Kogalymavia က ပြေးဆွဲနေသည့်လေယာဉ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly