မဲခေါင်- ဂျပန် နှီးနှောဖလှယ်ပွဲ ၁၀နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရအနေဖြင့် ဂျပန်ဂန္တဝင်ရုပ်ရှင်ပွဲတော်ကျင်းပမည်

မဲခေါင်- ဂျပန် နှီးနှောဖလှယ်ပွဲ ၁၀နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရအနေဖြင့် ဂျပန်ဂန္တဝင်ရုပ်ရှင်ပွဲတော်ကျင်းပမည်

ရန်ကုန်၊ မတ် ၆ရက်။                ။ မဲခေါင်- ဂျပန် နှီးနှောဖလှယ်ပွဲ ၁၀နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရအနေဖြင့် ဂျပန်ဂန္တဝင်ရုပ်ရှင်ပွဲတော်အား မတ်လ ၆ရက်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ၌ ပြုလုပ် မည်ဖြစ်သည်။

ဂျပန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် မတ်လ ၆ရက်မှ ၈ရက်နေ့အထိ ဂျပန်ဂန္တဝင်ရုပ်ရှင်ဇာတ်ကားခြောက်ကားကို မြန်မာစာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်မည်ဖြစ်သည်။

ထိုရုပ်ရှင်ပွဲတော်တွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသည့် ဂျပန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးခဲ့သော "ဂျပန့် ရင်သွေး"ဇာတ်ကားအား ပွဲဦးထွက်ဇာတ်ကားအနေဖြင့် ပြသသွားမည်ဟု သိရသည်။

မတ် ၇ရက်နေ့ တွင် ၁၉၈၈ခုနှစ်က ရိုက်ကူးခဲ့သည့် annimation ဇာတ်ကားဖြစ်သောMy Neighbor Totoroဇာတ်ကား၊ ၁၉၅၄ခုနှစ်က ရိုက်ကူးခဲ့သည့် ဂေါ်ဇီလာဇာတ်ကား၊ ၁၉၅၀ခုနှစ်က ရိုက်ကူးခဲ့သည့် Rashomon ဇာတ်ကားများ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မတ် ၈ရက်နေ့တွင် ၁၉၃၅ ခုနှစ်က ရိုက်ကူးခဲ့သည့် ဂျပန့် ရင်သွေး(The Daughter of Japan)ဇာတ်ကားအား ထပ်မံပြသသွားမည်ဖြစ်ကာ ၁၉၆၉ခုနှစ်က ရိုက်ကူးခဲ့သည့် Tora-san, The Lovable Tramp ဇာတ်ကားနှင့် ၁၉၅၃ခုနှစ်က ရိုက်ကူးခဲ့သည့် Tokyo Story ဇာတ်ကားအား ပြသသွားမည်ဖြစ်သည်။

 မဲခေါင်- ဂျပန် နှီးနှောဖလှယ်ပွဲ ၁၀နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီမှ ဂန္တဝင်ရုပ်ရှင်များပြသခြင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံကြား ယဉ်ကျေးမှုများ ဖလှယ်ခြင်းကို စီစဉ်ကာ ယခုကဲ့သို့ ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly