အီဂျစ်မှ ရုရှသို့ ဦးတည်ပျံသန်းသွားသည့် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျသွားသည်ဟု သတင်းများထွက်ပေါ်နေ

အီဂျစ်မှ ရုရှသို့ ဦးတည်ပျံသန်းသွားသည့် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျသွားသည်ဟု သတင်းများထွက်ပေါ်နေ

အောက်တိုဘာ ၃၁ ။             ။ အီဂျစ်နိုင်ငံ တောင်ပိုင်း စီနိုင် ကျွန်းဆွယ် မှ ရုရှ နိုင်ငံသို့ ဦးတည်ပျံသန်းသွားသည့် ခရီးသည်တင်လေယာဉ်တစ်စီး အောက်တိုဘာ ၃၁ ရက်က လေကြောင်းထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်းနှင့် လတ်တလောထွက်ပေါ်နေသော သတင်းများအရ အဆိုပါလေယာဉ်ပျက်ကျသွားခဲ့သည်ဟု သိရှိရသည်။ သို့သော် သတင်းများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ လေယာဉ်တွင် ခရီးသည် ၂၁၂ ဦး ပါရှိသွားပြီး အများစုမှာ ရုရှ ခရီးသွားများဖြစ်ကြကြောင်း နှင့် လေယာဉ် ရောက်ရှိရာတည်နေရာကို ရှာဖွေစုံစမ်းလျက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်တစ်လောတွင် အဆိုပါလေယာဉ်နှင့် ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေပြီး သတင်းအချို့၏ ဖော်ပြချက်များအရ လေယာဉ်မှာ တူရကီလေကြောင်းထိန်းသိမ်းရေးစခန်းနှင့် ပြန်လည် အဆက်အသွယ်ရရှိသည်ဟု သိရှိရသည်။

သို့သော် အီဂျစ်မီဒီယာများတွင် ဖော်ပြချက်အရ ယင်းလေယာဉ်သည် စီနိုင်ကျွန်းတွင် ပျက်ကျသွားခဲ့သည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly