တူရကီ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအစိုးရစစ်သား ၁၉ ဦး သေဆုံး၊ နှစ်ဘက်အကြား တင်းမာမှု မြင့်တက်

တူရကီ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအစိုးရစစ်သား ၁၉ ဦး သေဆုံး၊ နှစ်ဘက်အကြား တင်းမာမှု မြင့်တက်

မတ် ၂ 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ဒေသတွင် တူရကီတို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ဆီးရီးယားအစိုးရတပ်ဖွဲ့မှ တပ်သား ၁၉ ဦးထက်မနည်း သေဆုံးသွားကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောသည်။

လက်ရှိအချိန်တွင် ဒမက်စကပ်နှင့် အန်ကာရာ အကြား တင်းမာမှုများလည်း မြင့်တက်လာနေလျက် ရှိသည်။

Jabal al-Zawiya ဧရိယာရှိ ဆီးရီးယားစစ်တပ် ယာဉ်တန်းတစ်ခုနှင့် Maaret al-Numan မြို့ အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ၁၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း  ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောသည်။

ဆီးရီးယားစစ်လေယာဉ်နှစ်စင်းကို တူရကီတို့ ပစ်ချခဲ့ပြီးနောက် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တူရကီတို့က Idlib ရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့များအပေါ် အရှိန်မြင့် ထိုးစစ်ဆင်နေခဲ့ပြီး ယင်းဒေသတွင် အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် ဆီးရီးယားအစိုးရတပ်များအတွက် အန်ကာရာ ကျောထောက်နောက်ခံ အစ္စလမ္မစ် တိုက်ခိုက်ရေးသမားများက အကြီးမားဆုံး အတားအဆီးဖြစ်နေသည်။

ပြီးခဲ့သည့်အပတ်က ယင်းဒေသတွင် ဆီးရီးယားအစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၄ ဦး သေဆုံးပြီးနောက် တင်းမာမှုများ မြင့်တက်ကာ ယခုကဲ့သို့ တိုက်ခိုက်မှုများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly