ရန်ကုန်၊မတ်လ ၁ ။ ။ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၄ အဖြစ် ဖေဖော်ဝါရီ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ် အသင်း နှင့် ဟော့ဖန်ဟိမ်း အသင်းပွဲစဉ်မှာ နှစ်ဖက် အသင်းကစားသမားတချို့သည် တစ်ဖက်နှင့် တစ်ဖက် ဘောလုံး အပေးအယူ လုပ်ရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။
ထိုဖြစ်ရပ်သည် ဘောလုံးသမိုင်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည့်အပြင် ရက်ထပ်နှစ်ကိုလည်း အံ့ဩစရာ ကိစ္စတစ်ခု အနေဖြင့် ဘောလုံးလောကအတွက် ကျန်ရှိနေခဲ့သည်။
အကြောင်းအရင်းမှာ ဘိုင်ယန်မြူးနစ် ပရိတ်သတ်များက ဟော့ဖန်ဟိမ်းအသင်းဥက္ကဋ္ဌ ဒီယက်မာဟော့ အပေါ် ကြမ်းတမ်းသည့် စကားလုံးများ ပါဝင်နေသည့် သီချင်း၊ banners စသည့်အရာများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်က ပွဲကို ရပ်နားခဲ့ရသည်။
၎င်းတိုက်ခိုက်မှုကြောင့် ပွဲစဉ်ကို ဆက်မကစားဖြစ်တော့ဘဲ နှစ်ဖက် ကစားသမားများ အနေနှင့် တစ်ဦးနှင့်တစ်ဦး ၁၃ မိနစ်ကြာအောင် အချင်းချင်းအပေးအယူ လုပ်ရင်း ကွင်းလယ်မှာ အချိန်ကုန်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်အတွက် ဘိုင်ယန်မြူးနစ်နည်းပြ ဟမ်စီဖလစ်ခ်နှင့် ကစားသမားများက ပရိတ်သတ်များကို တောင်းပန်ခဲ့ ကြသည်။
ထို့နောက် ကစားသမားတွေနှင့် ကွင်းလယ်ဒိုင်တို့ ဥမင်ထဲမှာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ပွဲက ပြန်လည် စတင်ခဲ့သည်။
ပွဲပြီးဆုံးချိန်မှာတော့ အစောပိုင်း သွင်းဂိုးများနှင့် ဘိုင်ယန်မြူးနစ်အသင်းက ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့သည်။