သတင်းအမှားရေးသား ဖြန့်ဝေသည်ဟုဆိုကာ ကြံ့ခိုင်ရေး ရုံးအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

သတင်းအမှားရေးသား ဖြန့်ဝေသည်ဟုဆိုကာ ကြံ့ခိုင်ရေး ရုံးအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
Photo: Phyu Myo (china) Facebook Account

 မြိတ်၊ မတ် (၁)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့်  တနင်္သာရီ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေတို့နှင့်ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသားဖော်ပြနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးအဖွဲ့ဝင် တစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ အမှုဖွင့်ခံရသူသည် တနင်္သာရီမြို ႔နယ် USDP ရုံးအဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး တနင်္သာရီမြို ႔နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ မြို႔နယ် အလုပ်အမှုဆောင် ဦးအောင်ဆန်းဝင်းက ဖေဖော်ဝါရီလ ၂၇ ရက်က မြို ႔႔နယ် ရဲတပ်ဖွဲ့ရုံးမှာ အဖွင့် ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ခံရသူမှာ တနင်္သာရီမြို႔နယ်၊ ချောင်းကြီးရပ်ကွက်နေ Phyu Myo (china) Facebook Account ပိုင်ရှင် ဦးဖြူမျိုးဝင်း (ခ) တရုတ် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ''ကျွန်တော်တို့ ကိုယ်စားလှယ်နစ်ဦးကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မဟုတ်မမှန် ရေးသားပြီး ဖြန့်ဝေတဲ့အတွက် Phyu Myo ဆိုတဲ့ အကောင့်ပိုင်ရှင် ဦးဖြူမျိုးဝင်းကို တနင်္သာရီရဲစခန်းမှာ သွားရောက် အမှုဖွင့် လိုက်တာပါ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် မမှန်သတင်းတွေ ရေးသား ဖော်ပြပြီး ဖြန့်ဝေတဲ့အတွက် အမှုဖွင့် လိုက်တာပါ။''ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို အဂတိ လိုက်စားခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများ လုပ်ဆောင်နေသည်ဟုဆိုကာ လူမှုကွန်ယက် စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဦးဖြူမျိုးဝင်းက ရေးသားဖြန့်ဝေခဲ့သည်။

ဦးဖြူမျိုးဝင်းကတော့ လူမှုကွန်ယက်တွင် ရေးသားထားသည်မှာ မိမိကိုယ်တိုင် ရေးသားထားခြင်းမဟုတ်ဘဲ တခြား အကောင်တစ်ခုမှ Copy ယူဖော်ပြခြင်းဖြစ်ကြောင်း ပြောသည်။

“လက်ရှိကတော့ ကျွန်တော့်ကို ရဲစခန်းက အာမခံ ပြန်ပေးထားပါတယ်။ အမှု အနေနဲ့ စခန်းက စစ်ဆေးထားတယ်။ အမှု တွဲလည်း တည်ဆောက်ထားပါတယ်။ သက်သေခံ ပစ္စည်းတွေဖြစ်တဲ့ ဖုန်းကိုတော့ သိမ်းဆည်းထားတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိမှာတော့ တနင်္သာရီမြို႔နယ် NLD ပါတီရုံး အလုပ်အမှုဆောင် ဦးအောင်ဆန်းဝင်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် Phyu Myo (china) Facebook account ပိုင်ရှင် ဦးဖြူမျိုးဝင်းကို တနင်္သာရီမြို့မ ရဲစခန်း၌ (ပ) ၁၃၁/၂၀၂၀၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။

လက်ရှိမှာတော့ တနင်္သာရီမြို့မရဲ စခန်းက ဦးဖြူမျိုးဝင်းကို အာမခံ ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly