စပိန်၌ ဒေသတွင်း ကိုရိုနာကူးစက်ခံရမှု တွေ့ရှိ

စပိန်၌ ဒေသတွင်း ကိုရိုနာကူးစက်ခံရမှု တွေ့ရှိ

မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၈ ။                  ။ စပိန်နိုင်ငံမှာ ပထမဆုံး ဒေသတွင်း ကိုရိုနာကူးစက်ခံရမှုကို တွေ့ရှိခဲ့ပြီး အသက် ၇၇ နှစ်အရွယ်အမျိုးသားတစ်ဦး အခြေအနေစိုးရိမ်ရကာ အထူးကြပ်မတ်ကုသနေရတယ်လို့ ကျန်းမာ ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

ကူးစက်ခံရသူ နှစ်ဦးကို မက်ဒရစ်နဲ့ ကျန်တစ်ဦးကိုတော့ ဆက်ဗစ်လ် မြို့တို့မှာ ဆေးရုံတင်ထားပြီး သူတို့ဟာ ရောဂါစတင်ပျံ့နှံ့ဖြစ်ပွားခဲ့တဲ့ဝူဟန်မြို့ကို သွားရောက်ခဲ့ခြင်းမရှိသလို ကူးစက်ခံလူနာတွေနဲ့လည်း ထိတွေ့ခဲ့ ခြင်းမ ရှိဘူးလို့ စပိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရေးပေါ်ကိစ္စဆိုင်ရာ အကြီးအကဲဖြစ်သူ Simon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စပိန်မှာ ကိုရိုနာကူးစက်ခံရသူ အနည်းဆုံး ၁၇ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးကတော့ အီတလီလူမျိုးနဲ့ အီတလီနိုင်ငံကို သွားရောက်ခဲ့တဲ့ လူတွေဖြစ်ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ စပိန်နိုင်ငံအတွင်းမှာ လူအချင်းချင်း ကူးစက်ခံရတယ်ဆိုတဲ့အချက် အတည်ဖြစ်သွားရင်တော့ နောက်ထပ်ကူးစက်မှုမရှိအောင် လူစုလူဝေးလုပ်တာတွေကို လျှော့ချတာလိုမျိုး ကာကွယ်ရေး အစီအစဉ် တွေ လုပ်သွားမယ်လို့ Simon က ပြောပါတယ်။

ဒေသတွင်းပထမဆုံးကူးစက်ခံရမှုကို စပိန်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အန်ဒါလူစီယာမှာနေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ်အမျိုးသားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ကို ဆက်ဗစ်လ်ဆေးရုံမှာ သီးသန့်ထားရှိထားပါတယ်။

ဘယ်နေရာကနေ ကူးစက်ခံခဲ့ရတယ်ဆိုတာ မသိရတာကြောင့် ဗိုင်းရပ်စ်ဟာ အန်ဒါလူစီယာဒေသထဲမှာ ပျံ့နှံ့နေတယ်လို့ ထင်စရာရှိကြောင်း Simon ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required