တခြားနိုင်ငံတခုကနေ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာတဲ့ မိသားစုတွေထဲ မွေးဖွား ကြီးပြင်းလာကြတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ မူရင်း ဇစ်မြစ်ကို နားလည်ဖို့ ကြိုးစားရလေ့ရှိပါတယ်။ ကမ္ဘော့ဒီးယားနွယ်ဖွား အမေရိကန်အနုပညာရှင် တယောက်ကတော့ သူ့ရဲ့ မူရင်းဇစ်မြစ်နိုင်ငံ၊ အဲ့ဒီနိုင်ငံကလူတွေ၊ ယဉ်ကျေးမှုတွေအကြောင်းကို နားလည် ဖော်ထုတ်နိုင်ဖို့အတွက် သူ့တတ်တဲ့အနုပညာနဲ့ ကြိုးပမ်းနေပါတယ်။ ဗွီအိုအေသတင်းထောက် Chetra Chap ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။