ကိုရိုနာ ဗိုက်ရပ်စ်ကြောင့် ခရီးသွားဝင်ရောက်မှုမကျဆင်းစေရန် ဥရောပနိုင်ငံများ ဆိုက်ရောက်ဗီဇာစနစ်ဖြင့်ဝင်ရောက် ခွင့်ပြုရန်စီစဉ်

ကိုရိုနာ ဗိုက်ရပ်စ်ကြောင့် ခရီးသွားဝင်ရောက်မှုမကျဆင်းစေရန် ဥရောပနိုင်ငံများ ဆိုက်ရောက်ဗီဇာစနစ်ဖြင့်ဝင်ရောက် ခွင့်ပြုရန်စီစဉ်
ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

မန္တလေး၊ ဖေဖေါ်ဝါရီ ၂၇။             ။ တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သော COVID-19 ဗိုက်ရက်စ်ရောဂါပိုးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု မကျဆင်းစေရန် ဥရောပနိုင်ငံများအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုရန်စီစဉ် လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနက သိရသည်။

"ဗိုက်ရပ်စ်ကြောင့် အရှေ့တိုင်းခရီးသွားဝင်ရောက်မှုက နည်းသွားတယ်။ ဒါကြောင့် ဆက်လက်ပြီး ကျဆင်းမှုမရှိ စေဖို့အတွက် ဥရောပခရီးသွားတွေကို ဆိုက်ရောက်ဗီဇာစနစ်(Visa and Arrival) ဝင်ခွင့်ပြုဖို့အတွက် သက်ဆိုင် ရာဌာနတွေနဲ့ပူးပေါင်း ညှိနှိုင်းမှုတွေလုပ်နေတယ်။ မကြာမှီမှာ ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ပါတယ်။"ဟု အဆိုပါ ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဦစန်းယုက ပြောသည်။

၀င်ရောက်ခွင့်ပြုရာတွင် ခရီးသွားလုပ်ငန်းအရေအတွက်ထက် နိုင်ငံနှင့်ပြည်သူအတွက် တိုက်ရိုက်နှင့် သွယ်ဝိုက်အကျိုးရှိစေမည့် ဥရောပနိုင်ငံများအား ရွေးချယ်သွားမည်ဖြစ်ပြီး ထိုအတွက်လည်း သက်ဆိုင်ရာဌာနများညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်သည်။

"ဆိုက်ရောက်ဗီဇာစနစ်နဲ့ဝင်ခွင့်ပြုတာတွေအပြင် ကျွန်တော်တို့နိုင်ငံက အေးချမ်းနေတယ်ဆိုတာပြသတဲ့အနေနဲ့ ၁၂လရာသီပွဲတော်တွေကို ပြုလုပ်သွားမယ်။ ခရီးသွားတွေ လည်ပတ်ကြည့်ရှုနိုင်မယ့်နေရာသစ်တွေကို ဖော် ထုတ်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် ဌာနဆိုင်ရာတွေအပြင် ဧည့်လမ်းညွှန်၊ ဒေသအလိုက်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။"ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ကိုရိုနာ ဗိုက်ရပ်စ်ရောဂါပိုးကြောင့် ခရီးသွားလာမှုနှေးကွေးသွားခြင်းအား လျော့ချရန်အတွက် မြန်မာ့ခရီးသွား စျေးကွက်အတွင်းတွင် Myanmar is save to travel အဖြစ်သိရှိစေရန် Digital Marketing စနစ်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ဗိုက်ရက်စ်ကြောင့် ခရီးသွားဝင်ရောက်မှုက သိသိသာသာကျဆင်းသွားတာမျိုးတော့ မရှိပါဘူး။ ပုံမှန်အတိုင်း တော့လာနေပါတယ်။ ဒီမှာကလည်း ဖြစ်တယ်ရယ်လို့ သတင်းလည်း မရှိဘူး။ ကြိုတင်ကာကွယ်မှုတွေကိုလည်း လုပ်ဆောင်နေတဲ့အတွက် ကျဆင်းခြင်း မရှိတာလို့ ထင်ပါတယ်။"ဟု မန္တလေးမြို့မှ ဧည့်လမ်းညွှန်တဦးဖြစ်သည့် ဦးမျိုးညွှန့်က ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စီစဉ်နေသော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်ပြသနာကြောင့် လူစုလူဝေးမပြုလုပ်ရန်နှင့် အချိန်မရွေး ရောဂါပိုးရှိသူ ပေါ်ပေါက် လာနိုင်ကြောင်း ထုတ်ြပန်သတိပေးထားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုအဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ၃၈၀၁၇၂ဦးဝင်ရောက်ခဲ့ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် ၄၀၈၁၈၂ ဦးဝင်ရောက်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၇ရာခိုင်နှုန်းခန့် တိုးလာကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လေကြောင်းခရီးဖြင့် လာရောက်သည့် တရုတ်၊ အိန္ဒိယနိုင်ငံသားများအား ဆိုက်ရောက်ဗီ ဇာ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုစသည့်နိုင်ငံသားများအား ဗီဇာကင်းလွှတ်ခွင့်နှင့် ကမ္ဘာနိုင် ငံ ၁၁ နိုင်ငံအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ခွင့်ပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required