ဆီးရီးယားမှာ သူပုန်တွေ ထိုးစစ်ဆင်၊ အစိုးရတပ်က စစ်ရေးအသာစီးရနေ

ဆီးရီးယားမှာ သူပုန်တွေ ထိုးစစ်ဆင်၊ အစိုးရတပ်က စစ်ရေးအသာစီးရနေ

ဖေဖော်ဝါရီ ၂၇။          ။ ဆီးရီးယားသူပုန်တွေဟာ ဒီလအစောပိုင်းက ၎င်းတို့ လက်လွှတ်လိုက်ရတဲ့ အရှေ့မြောက်ပိုင်းက အဓိကမြို့တစ်မြို့ဆီ ကြာသပတေးနေ့မှာ ပြန်လည်ဝင်ရောက်လာပြီး ဒေသတွင်း အစိုးရတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုကို ပြန်လည်တပ်ခေါက်စေခဲ့ပါတယ်။

ဒါပေမယ့် သူပုန်တွေရဲ့ အခု တန်ပြန်ထိုးစစ်ဟာ ရေတိုတာ ဖြစ်နိုင်ပြီး ရုရှားကျောထောက်နောက်ခံရှိတဲ့ ဆီးရီးယားတပ်တွေဟာ အပစ်ရပ်ရေး မေတ္တာရပ်ခံချက်ကို မျက်ကွယ်ပြုရင်း သူပုန်နယ်မြေက အခြားနေရာတွေကို တစစနဲ့ ပြန်လည်သိမ်းပိုက်လျက် ရှိနေပါတယ်။

အပစ်ရပ်ရေး ကနဦး သဘောတူညီချက်ကို ရုရှားက ဗီတိုသုံး ပယ်ချထားရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒီကနေ့မှာပဲ စည်းဝေးတွေ့ဆုံဖို့ ရှိပါတယ်။ ဆီးရီးယား ကိုးနှစ်တာ ပြည်တွင်းစစ်အတွင်း အဆိုးဆုံး လူသားချင်းစာနာထောက်ထားရေး အရေးပေါ်အခြေအနေကြုံနေတဲ့ အီဒလစ်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားလာတာကြောင့် စည်းဝေးခေါ်ယူ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဂျီဟတ်တွေနဲ့ တူရကီ ကျောထောက်နောက်ခံပေးတဲ့ သူပုန်တွေဟာ ဖေဖော်ဝါရီ အစောပိုင်းက ၎င်းတို့ လက်လွတ်ခဲ့ရတဲ့ အဓိကကျရာ ဆာရာကွက်မြို့ထဲ ပြန်လည်ဝင်ရောက်နိုင်အောင် စစ်ဆင်နိုင်ခဲ့ပါတယ်။

ဆာရာကွက်ရှေ့တန်းမှာ စစ်တပ်နဲ့ အကြမ်းဖက်သမားတွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်လို့ နိုင်ငံပိုင် SANA သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required