သရုပ်ဆောင်လောက ကျားမ အနုပညာကြေး ကွာဟမှုအပေါ် ပွင့်လင်းမှုရှိရန်လိုဟု ဘရက်ဒ်လေကော့ပါး ပြော

သရုပ်ဆောင်လောက ကျားမ အနုပညာကြေး ကွာဟမှုအပေါ် ပွင့်လင်းမှုရှိရန်လိုဟု ဘရက်ဒ်လေကော့ပါး ပြော

ဟောလီးဝုဒ် အကျော်အမော် ဘရက်ဒ်လေကော့ပါးသည် ဟောလီးဝုဒ် အနုပညာလောကတွင် ကျားမ အနုပညာကြေး ကွဟာမှုနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ သည်။
သရုပ်ဆာင်မင်းသမီး ဂျနီဖာလော်ရင့်စ်ကလည်း အမျိုးသမီး သရုပ်ဆောင်များသည် အမျိုးသား သရုပ်ဆောင်များထက် အနုပညာကြေး ရရှိမှု နည်းပါကြောင်း ယခုလက အွန်လိုင်းတွင် ဆောင်းပါး တစ်ပုဒ် ရေးသားခဲ့သည်။

“ကျားမ အနုပညာကြေး ကွာဟမှုကို အကူညီပေးဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်” ဟု လန်ဒန်မြို့ Leicester Square ရုပ်ရှင်ရုံတွင် ၎င်းပါဝင် သရုပ်ဆောင်ထားသော Burnt  ရုပ်ရှင်ဇာတ် ကား ပွဲဦးထွက် ပြသပွဲပြီးနောက် ဘရက်ဒ်လေကော့ပါးက ဘီဘီစီ သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါ ဇာတ်ကားတွင် ကော့ပါးသည် ဆေးစွဲမှုကြောင့် ဘဝပျက်ခဲ့ပြီးနောက် ၎င်း၏ နာမည် ဂုဏ်သတင်းကို ပြန်လည် ထိန်းသိမ်းရန် ကြိုးပမ်းသည့် စားဖိုမှူး အကြီးအကဲအဖြစ် ပါဝင် သရုပ်ဆောင်ထား သည်။ အဆိုပါဇာတ်ကားတွင် ကော့ပါးသည်  American Sniper ဇာတ်ကားမှ ပူးတွဲသရုပ် ဆောင် ဆီအန်နာမီလာနှင့်အတူ တွဲဖက် သရုပ်ဆောင်ထားသည်။

ကျားမ အနုပညာကြေး ကွာဟမှုနှင့် စပ်လျဉ်း၍ မီလာကို မေးမြန်းရာတွင် “ အနုပညာကြေး ကွာဟမှုဟာ အနုပညာလောကတိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။  အခုအချိန်ဟာဆိုရင် ပွင့်လင်းမြင်သားမှု ရှိဖို့နဲ့ တန်းတူညီတူရှိဖို့ အချိန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ Brunt  ဇာတ် ကားကို ဗြိတိန်နိုင်ငံတွင် နိုဝင်ဘာ ၆ ရက်၌ ပြသသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ဂျွန်ဝဲလ်က ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required