ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘုရားဖူးများ ဝင်ရောက်မှု ဆော်ဒီ ယာယီ ပိတ်ထားမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘုရားဖူးများ ဝင်ရောက်မှု ဆော်ဒီ ယာယီ ပိတ်ထားမည်

ဖေဖော်ဝါရီ ၂၇ ။                 ။ အစ္စလမ်ဘာသာရေးဆိုင်ရာ အထွတ်အမြတ်မြို့တွေဆီ သွားရောက်မယ့် ဘုရားဖူးတွေအတွက် ဗီဇာစီစဉ်ပေးမှုတွေကို ယာယီ ဆိုင်းငံ့ထားမယ်ဆိုပြီး ဆော်ဒီ အာရေးဗျ အစိုးရက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆော်ဒီ တာဝန်ရှိသူတွေဘက်က ခုလို စီစဉ်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ခုလို ပိတ်ပင်မှုတွေဟာ ယခုနှစ် ဇူလိုင်မှာ စတင်မယ့် Hajj ဘုရားဖူးရာသီအပေါ် သက်ရောက်မှု ရှိမရှိ ရှင်းလင်းလင်းလင်း မသိရပါဘူး။

ယင်းနိုင်ငံရဲ့ ဘာသာရေးမြို့တွေဖြစ်တဲ့ Mecca နဲ့ Medina တို့ဆီကိုတော့ နှစ်စဉ်နှစ်တိုင်း ဘုရားဖူး သန်းပေါင်းများစွာ လာရောက်လေ့ ရှိပါတယ်။

ယခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့အတွက် အဆိုပါ ဘုရားဖူးခရီးစဉ်တွေအတွက် ဗီဇာထုတ်ပေးမှုကို ယာယီ ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီက ခရီးသွားတွေကိုလည်း ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ထားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required