အမေရိကန် မီလ်ဝေါကီးမြို့ ပစ်ခတ်မှု လူ ၆ ဦး သေဆုံး

အမေရိကန် မီလ်ဝေါကီးမြို့ ပစ်ခတ်မှု လူ ၆ ဦး သေဆုံး

ဖေဖော်ဝါရီ ၂၇ ။              ။ အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင်ပြည်နယ် မီလ်ဝေါကီးမြို့မှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်လို့ လူခြောက်ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ ယင်းမြို့မှာ ရှိတဲ့ Molson Coors ဘီယာစက်ရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ပစ်ခတ်မှု ကျူးလွန်သူဟာ ယင်းစက်ရုံဝန်ထမ်းဟောင်းတစ်ဦးြဖစ်တယ်လို့ သိရပါတယ်။

၎င်းဟာ သိပ်မကြာခင်ကမှ အလုပ်ကနေ ထုတ်ပယ်ခံထားရသူဖြစ်ပြီး ယမန်နေ့ကတော့ ၎င်းရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေကို ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သေနတ်သမားဟာ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းဟာ ဒီပစ်ခတ်မှုကို ကျူးလွန်ပြီး ၎င်းကိုယ်ကိုယ် ပြန်လည်ပစ်ခတ် သေကြောင်းကြံသွားတယ်လို့ သိရပါတယ်။

ယင်းပစ်ခတ်မှုဖြစ်ပွားချိန် အဆိုပါ စက်ရုံမှာ ဝန်ထမ်း ၁,၀၀၀ လောက် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံမှာ နောက်ထပ် ပေါ်ပေါက်လာတဲ့ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required