တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

27 February 2020
တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

တောင်ကိုရီယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု အတော်လေး တိုးများလာပါတယ်။ ကူးစက်မှုအများဆုံးကတော့ တောင်ကိုရီယားနိုင်ငံ အရှေ့တောင်ပိုင်းက Daegu မြို့ ပတ်ဝန်းကျင်မှာပါ။ တောင်ကိုရီယားနိုင်ငံရဲ့ စတုတ္တအကြီးဆုံးဖြစ်တဲ့ အဲဒီမြို့မှာ မြို့ခံတွေကို နေအိမ်မှာပဲ နေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားတာကြောင့် အခုတော့ တမြို့လုံး ကြောက်ရွံတိတ်ဆိတ်နေပါတယ်။ ရောဂါပိုး မထိန်းချုပ်နိုင်ပဲ ပိုပြီး ပျံ့ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတဲ့အကြောင်း Daegu မြို့ကနေ ဗွီအိုအေ သတင်းထောက် Bill Gallo ရေးသားပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly