အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး မပျံ့နှံ့နိုင်လို့ ထရမ့် ပြော

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး မပျံ့နှံ့နိုင်လို့ ထရမ့် ပြော

ဖေဖော်ဝါရီ ၂၇။              ။ ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်တစ်လွှား ဆက်လက်ပျံ့နှံ့ဖြစ်ပွားနေမယ်ဆိုတာမျိုးဟာ တစ်ထစ်ချ မဖြစ်နိုင်ကြောင်း  သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

သမ္မတ ထရမ့်အနေနဲ့ သူ့အစိုးရအတွင်းက အကြီးတန်းကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ဆန့်ကျင်ပြီး ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက အမေရိကန်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာက ရှောင်လွဲမရနိုင်ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတိပေးထားတာပဲ ဖြစ်ပါတယ်။

“မလွဲဧကန် ဖြစ်လာမယ်ဆိုတာမျိုးကိုတော့ ကျွန်တော် လက်သင့်မခံဘူး။ ဖြစ်လာနိုင်တယ်၊ ဆိုးလာနိုင်တယ် ဆိုတာမျိုးကိုတော့ ကျွန်တော် လက်ခံပေမယ့် တထစ်ချကြီး နိုင်ငံတစ်လွှား ကူးစက်ပျံ့နှံ့မယ်ဆိုတာမျိုးကတော့ မဟုတ်သေးဘူး။”လို့ ထရမ့်က ပြောပါတယ်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး စင်တာမှ အကြီးတန်းတာဝန်ရှိသူ နန်စီမက်ဆွန်နားက နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မယ်ဆိုပြီး ပြောထားပြီး ရက်ပိုင်းမှာပဲ ထရမ့်က ပြောဆိုလာတာပဲ ဖြစ်ပါ တယ်။

မက်ဆွန်နားက “ကိုရိုနာ ကူးစက်လာမလားဆိုတာ မေးနေရတော့မှာ မဟုတ်ဘူး။ ဘယ်အချိန် ဖြစ်လာမလဲဆိုတာကိုပဲ မေးဖို့ ရှိတော့တယ်။”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly