မလေးရှား ဝန်ကြီးချုပ် ဖြစ်လာရန် လွှတ်တော်အမတ်အုပ်စုတစ်စုက ထောက်ခံကြောင်း အန်ဝါ ပြော

မလေးရှား ဝန်ကြီးချုပ် ဖြစ်လာရန် လွှတ်တော်အမတ်အုပ်စုတစ်စုက ထောက်ခံကြောင်း အန်ဝါ ပြော

ဖေဖော်ဝါရီ ၂၆။         ။ မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်က အံ့ဩစဖွယ် ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ပြီး ရက်ပိုင်းမှာပဲ ညွန့်ပေါင်းပါတီအတွင်းက အဓိက ခေါင်းဆောင်ဖြစ်တဲ့ အန်ဝါအီဘရာဟမ်ဟာ ၎င်းကို နိုင်ငံရဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်အမတ် အုပ်စုတစ်စုက ထောက်ခံကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံခေါင်းဆောင် အသက် ၉၄ နှစ်အရွယ် မဟာသီယာက ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူဖို့ ဆန္ဒရှိပြီး ပေါင်းစည်းအစိုးရတစ်ရပ် ဖွဲ့စည်းလိုတဲ့ ပြောလာအပြီးမှာ အန်ဝါရဲ့ မှတ်ချက်စကား ထွက်ပေါ်လာခဲ့တာပါ။

မဟာသီယာ နှုတ်ထွက်ချိန်အထိ အစိုးရဖွဲ့ထားတဲ့ ‘မျှော်လင့်ခြင်း ပဋိညာဉ်’ ညွန့်ပေါင်းမဟာမိတ်အဖွဲ့ဝင် ပါတီသုံးခုက လွှတ်တော်အမတ်တွေဟာ ဝန်ကြီးချုပ်လောင်းအဖြစ် ၎င်းကို အမည်စာရင်း တင်သွင်းထားတယ်လို့ ထုတ်ပြန်ချက်တစ်ရပ်မှာ အန်ဝါက ဆိုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ကြီးချုပ် မဟာသီယာဟာ ရာထူးက နုတ်ထွက်ကြောင်းကို ဘုရင်ထံ တင်သွင်းလိုက်ပြီဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ကြေညာပြီးနောက်ပိုင်း မလေးရှားနိုင်ငံရေးဟာ မတည်မငြိမ် အခြေအနေတွေ ဖြစ်ပေါ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

မဟာသီယာက အန်ဝါကို အာဏာလွှဲပေးမယ်လို့ ကြိမ်ဖန်များစွာကတိပြုခဲ့ပေမယ့် အချိန်တိတိကျကျသတ်မှတ်ဖို့ တင်းခံနေခဲ့တာကြောင့် ညွန့်ပေါင်းအဖွဲ့ကြားမှာ တင်းမာမှုတွေ ကြီးထွားလာခဲ့ပါတယ်။

အန်ဝါကို ဖယ်ချန်ပြီး အစိုးရသစ်ဖွဲ့ရေး လုံးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ မဟာသီယာက နှုတ်ထွက်ကြောင်း ကြေညာလာတာမို့ နိုင်ငံရေးကုလားဖန်ထိုးနေတယ်ဆိုပြီး ရှုမြင်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly