တပိုတွဲလပြည့်နေ့အား မြန်မာသနပ်ခါးနေ့အဖြစ် သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြထား

တပိုတွဲလပြည့်နေ့အား မြန်မာသနပ်ခါးနေ့အဖြစ် သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြထား
ဓာတ်ပုံ- ထက်မြတ် / မဇ္ဈိမ

မန္တလေး၊ ဖေဖေါ်ဝါရီ ၂၆။           ။မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်တခုဖြစ်သော မြန်မာသနပ်ခါးအား နေ့တစ်နေ့အဖြစ်သတ်မှတ်ပေးရန်အ တွက် နိုင်ငံတော်သမ္မတထံသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌဦးကျော်မိုးကပြော သည်။

“ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ သနပ်ခါးကို ကျွန်တော်တို့အနေနဲ့ တပိုတွဲလပြည်နေ့ကို သတ်မှတ်ပြီး မြို့ နယ်ငါးခုမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်၊ အသင်းအနေနဲ့ပဲ သတ်မှတ်ထားသေးပါသေးတယ် ၊ နိုင်ငံတော် အဆင့် သတ်မှတ်ပေးဖို့အတွက် နိုင်ငံတော်သမ္မတထံ စာတင်ပြထားပါတယ်” ဟု ၎င်းကပြောသည်။

သနပ်ခါးနေ့အဖြစ် ရိုးရာယဉ်ကျေးမှုပျောက်ကွယ်သွားမည်ကို စိုရိမ်ခြင်း၊ သနပ်ခါးနှင့် တပိုတွဲလပြည့်နေ့တွင်မီးပူဇော်သည့် အလေ့အထ မပျောက်ပျက်စေရန်နှင့် သနပ်ခါးကိုပိုမိုသိရှိကာ စိုက်ပျိုးသူများအဆင်ပြေလာစေ ရန် စသည့်ရည်ရွယ်ချက်များကြောင့် ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် သနပ်ခါးနေ့အဖြစ် ၂၀၁၉ခုနှစ်မှစတင်ကာ ရွှေဘို၊ အရာတော်၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ် များတွင် မြန်မာနိုင်ငံသနပ်ခါးအသင်းမှ ဦးဆောင်ကာ ပွဲတော်များကို ကျင်းပပေးလျက်ရှိကြောင်း၊ သနပ်ခါးကို လူအများ ပိုမို စိတ်ဝင်စား လာစေရန်အတွက် သနပ်ခါးပွဲတော်များကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

`` သနပ်ခါးက မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု တခုလိုဖြစ်နေတဲ့ အရာဖြစ်ပါတယ်၊ ဒါကို ပြည်ပနိုင်ငံအချို့ကလည်း သူ တို့နိုင်ငံက ထွက်တဲ့အရာဆိုပြီး ကမ္ဘာစာရင်းဝင်အောင်လုပ်နေတာတွေကိုလည်းကြားသိနေရပါတယ်၊ ဒီအတွက် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်အောင် စာရင်းဝင်အောင်လုပ်စေခြင်ပါတယ် " ဟု အရာတော်မြို့ရှိ သနပ်ခါးစိုက်ပျိုးဦးအောင်ငွေကပြောသည်။

သနပ်ခါးနေ့သတ်မှတ်ခြင်းအပြင် ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖြစ်စေရန်အတွက်လည်း အသင်းအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့သနပ်ခါးအား ကမ္ဘာမှ အသိအမှတ်ပြုသိရှိလာစေရန်အတွက်လည်း စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly