ဂျကာတာ ရေကြီးမှု လူ ၅ ဦး သေပြီး ၃ ဦး ပျောက်ဆုံးနေ

ဂျကာတာ ရေကြီးမှု လူ ၅ ဦး သေပြီး ၃ ဦး ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၂၆။          ။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီး ယခုအခါ လူငါးဦး သေဆုံးပြီး အခြား သုံးဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် ပြည်သူထောင်နဲ့ချီဟာလည်း ရေတွေဝင်ရောက်နေတဲ့ ၎င်းတို့၏ နေအိမ်တွေဆီ ပြန်လို့မရသေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ယခုအခါမှာ မြို့တော်မှာ ရှိတဲ့ သမ္မတ အိမ်တော်ဝင်းထဲမှာပါ ရေလွှမ်းမိုးမှု ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဓိက ဆေးရုံတစ်ရုံအပါအဝင် ဂျကာတာမြို့ ရပ်ကွက်အားလုံးလိုလို ရေကြီးနေတယ်လို့ သိရပါတယ်။

ယခု ရေကြီးမှု မတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်လောက်ကလည်း ယင်းနိုင်ငံမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ဖြစ်လို့ လူ ၇၀ လောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားထားခဲ့ပါသေးတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly