မက္ကဆီကိုရှိ ပိုပိုကာတီပက်တယ် မီးတောင် ပေါက်ကွဲ

မက္ကဆီကိုရှိ ပိုပိုကာတီပက်တယ် မီးတောင် ပေါက်ကွဲ

ဖေဖော်ဝါရီ ၂၆ ။                  ။ မက္ကဆီကိုနိုင်ငံက ပိုပိုကာတီပက်တယ် မီးတောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကွဲခဲ့ပြီး ပြာတွေနဲ့ ကျောက်ခဲတွေ ကောင်းကင်ယံကို မှုတ်ထုတ်ခဲ့ပါတယ်။

အဆိုပါ မီးတောင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲခဲ့ချိန် ချော်ရည်တွေ၊ ပြာမှုန်တွေဟာ ညဉ့်ကောင်းကင်ယံထက် အမြင့်ပေ ၃,၂၈၁ ပေအထိ ပန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါက်ကွဲချိန်မှာ ချော်ရည်တွေဟာ တောင်ခါးပန်းပေါ် စီးထွက်ခဲ့ပြီး ထုထည်ကြီးမားလှတဲ့ ပြာတွေ၊ ဓာတ်ငွေ့တွေလည်း မီးတောင်ထိပ်ဝကနေ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ ပိုပို ကာတီပက်တယ် မီးတောင်ကတော့ အမြင့်ပေ ၁၇,၈၀၂ ပေရှိပြီး မက္ကဆီကိုမှာ ဒုတိယအမြင့်ဆုံးနဲ့ မြောက်အမေရိကမှာ ပဉ္စမမြောက် အမြင့်ဆုံးတောင် ဖြစ်ပါတယ်။

ခုလို မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်ကတော့ မီးတောင်အန္တရာယ် သတိပေးချက် လယ်ဗယ် မြှင့်တင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly