စိန့်လူးရှာမြို့ထဲ လျှောက်သွားနေတဲ့ ရေမြင်းကြီး

By AFP/ The South African
26 February 2020
စိန့်လူးရှာမြို့ထဲ လျှောက်သွားနေတဲ့ ရေမြင်းကြီး
Photo  - AFP

ဖေဖော်ဝါရီ ၂၆။         ။ တောင်အာဖရိက ကျွန်းနိုင်ငံလေးတစ်ခုဖြစ်တဲ့ စိန့်လူးရှာရှိ ဓာတ်ဆီဆိုင်အနီး လျှောက်သွားနေတဲ့ ရေမြင်းတစ်ကောင် ရဲ့ဗီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူများအကြား  ပျံ့နှံ့သွားပြီး ပြောစမှတ် တွင်စရာဖြစ်ခဲ့ပါတယ်။

ရေမြင်းကြီးဟာ ဆိုင်ဘက်ကို အေးအေးဆေးဆေး တစ်လှမ်းချင်းလျှောက်လာတဲ့ ဗီဒီယိုဖိုင်ကို ဓာတ်ဆီဆိုင်အနီးက OK Express ဆိုတဲ့စတိုးဆိုင်က Facebook ပေါ်တင်ခဲ့တာပါ။ အဲဒီဆိုင် အနီးအနားက လူတွေအ တွက်လည်း ရယ်မောဖွယ် မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။  

ရေမြင်းကြီးဟာ တနင်္ဂနွေနေ့ညက အစာရှာ ထွက်လာတာဖြစ်ပြီး မြို့ထဲလှည့်လည်သွားလာပြီးတဲ့နောက် ရေကန်ဘက်ကို ပြန်လှည့်သွားတယ်လို့ဆိုပါတယ်။ စိန့်လူးရှာမြို့ရဲ့ ပတ်ပတ်လည်မှာတော့ သဘာဝတောရိုင်း တိရစ္ဆာန်တွေများစွာ ကျက်စားနေထိုင်တဲ့ ရေကန်ကြီးရှိပါတယ်။

စိန့်လူးရှာမြို့ဟာ ရေမြင်းအကောင်ရေ ၈၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ အီစီမန်ဂလီဆို စိမ့်မြေသဘာဝဉယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ရေမြင်းကိုတွေ့ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

 ဒေသခံတွေအဖို့ ရေမြင်းတွေဟာ တွေ့မြင်နေကျဖြစ်ပေမယ့် အန္တရာယ်များတဲ့ သတ္တဝါဖြစ်တာကြောင့် သတိနဲ့နေရပါတယ်။ ရေမြင်းတွေကလည်း မော်တော်ကား၊  မီးအလင်းရောင်နဲ့ ကင်မရာမီးတွေကို ကျင့်သားရနေကြပါပြီ။

နေ့ခင်းအချိန် မြို့ထဲမှာမြင်ရတာကတော့ မယုံနိုင်စရာဖြစ်ရပ်ဖြစ်ပြီး ဒီနေ့အချိန်ထိတော့ မတော်တဆမှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly