အီရန် ဒုတိယကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အီရန် ဒုတိယကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
Iranian sanitary workers disinfect the revered Masumeh shrine in the Shiite holy city of Qom, which has been the epicentre of the COVID-19 outbreak in the Islamic republic (AFP Photo/MEHDI MARIZAD

ဖေဖော်ဝါရီ ၂၅။               ။ အီရန်နိုင်ငံ၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။

အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ မြင့်တက်နေချိန် ယခုကဲ့သို့ ဒုတိယကျန်းမာရေးဝန်ကြီး ဟာရီချီတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခြင်းဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်ရေးကို ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ ဒုတိယ ကျန်းမာရေးဝန်ကြီး ဟာရီချီမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပါတယ်။”ဟု ကျန်းမာရေးဝန်ကြီးဌာန၏ မီဒီယာအကြံပေး အလီရီဇာက တွစ်တာတွင် ရေး သားသည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ အလီရာဘီအီနှင့် ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဟာရီချီ ချောင်းဆိုးနေသည်ကို မြင်တွေ့ရပြီး ချွေးပြန်နေပုံလည်း ရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဟာရီချီက ရှီဟိုက်တို့ အထွဋ်အမြတ်ထားရာ ကွန်မြို့၌ ကိုရိုနာကြောင့် လူ ၅၀ သေဆုံးသည်ဆိုသော သတင်းနှင့် ပတ်သက်ကာ ငြင်းဆန်ခဲ့ပြီး ထိုနှုန်းထားအတိုင်း အမှန်သေဆုံးသည်ကို သက် သေပြနိုင်ပါက ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်မည်ဟု ပြောဆိုခဲ့သည်။

လက်ရှိ ဖေဖော်ဝါရီ ၂၅ ရက်၌ ကိုရိုနာကူးစက်ကြောင့် သေဆုံးသူ သုံးဦးရှိကာ ကူးစက်သူ ၂၄ ဦးရှိသည်ဟု အီရန်နိုင်ငံက အတည်ပြုရာ နိုင်ငံအတွင်း ကိုရိုနာကြောင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦးနှင့် ကူးစက်ဖြစ်ပွားသူပေါင်း ၉၅ ဦးအထိ ရှိသွားပြီဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly