ဟေတီမှာ စစ်ရုံးချုပ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်၊ မြို့တစ်မြို့လုံး ပိတ်ဆို့ခံထားရ

ဟေတီမှာ စစ်ရုံးချုပ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်၊ မြို့တစ်မြို့လုံး ပိတ်ဆို့ခံထားရ

ဖေဖော်ဝါရီ ၂၅ ။              ။ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့အောပရင့်စ်မှာ စစ်ရုံးချုပ်ကို ရဲဌာနက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့တစ်မြို့လုံး ပိတ်ဆို့ခံထားရပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ အလုပ်အကိုင် အနေအထား ပိုမိုကောင်းမွန်ရေးကို တောင်းဆိုရာကနေ ပစ်ခတ်တိုက်ပွဲဖြစ်ပြီး တပ်သားနှစ်ဦး သေဆုံးကာ တစ်ဒါဇင် ဒဏ်ရာရခဲ့ပါတယ်။

မြို့ရဲ့ မိန်းလမ်းမကြီးတွေကိုလည်း ပိတ်ထားပြီး လမ်းသွယ်လမ်းမြောင်တွေမှာလည်း လူသူ ကင်းမဲ့လျက်ရှိကာ မြို့တော်ကို တစ်နိုင်ငံလုံးနဲ့ အဆက်ဖြတ်ထားပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ အဆိုပါ တိုက်ခိုက်မှုကို တရားရေးဝန်ကြီးဌာနက ရှုတ်ချပြီး ပြဿနာပတ်လည်ဝိုင်းနေတဲ့ သမ္မတ ဂျိုဗီနယ်မွိုက်ဆက်ကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစည်ခြင်းအဖြစ် ရှုမြင်မှုတွေ တိုးပွားလာပါတယ်။

သမ္မတ မွိုက်ဆက်အနေနဲ့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရေး လုံးပမ်းလျက် ရှိနေတယ်လို့ နိုင်ငံရဲ့ ခေါင်းဆောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။

မြို့တော်တွင်းမှာ မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြကြတာတွေ ရှိနေပြီး တစ်ချို့ဟာ ဓားရှည်တွေကို ကိုင်စွဲထားကြပါတယ်။ လမ်းတွေပေါ်မှာလည်း ကျောက်တုံးကျောက်ခဲတွေ ပိတ်ဆို့ထားပြီး ကားတာယာတွေကို မီးတင်ရှို့ထားကြပါတယ်။

ဆိုးဝါးတဲ့ ခုအခြေအနေအပေါ် စိုးရိမ်ကြောင်း ဟေတီက ကုလသမဂ္ဂပေါင်းစည်းရေးရုံးက ပြောဆိုပြီး ဆန္ဒပြရဲတွေအနေနဲ့ အဓိကရုဏ်း အကြမ်းဖက်မှုတွေ ပိုပြီး မဆိုးဝါးလာအောင် ရှောင်ရှားဖို့ တိုက်တွန်းပြောဆိုပါတယ်။

ဟေတီအမျိုးသားရဲဌာနက ဆန္ဒပြကြတဲ့ ရဲတွေကို နေအိမ်ပြန်ကြဖို့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required