YBS ကဒ်စနစ် စမ်းသပ်အသုံးပြုမှုအရ အဆင်မပြေသည့်အပိုင်းများပြန်လည်ပြုပြင်နေ

YBS ကဒ်စနစ် စမ်းသပ်အသုံးပြုမှုအရ အဆင်မပြေသည့်အပိုင်းများပြန်လည်ပြုပြင်နေ

ဖေဖော်ဝါရီ ၂၄။                 ။ မကြာခင် စတင်အကောင်ထည်ဖော်ဆောင်မည့် YBS ကဒ်စနစ်ကိုလက်ရှိမှာစမ်းသပ်အသုံးပြုခဲ့ရာအဆင်မပြေတဲ့အပိုင်းတွေကိုပြန်လည်ပြုပြင်နေကြောင်းရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဖွဲ့ဝင် Managing Director ဦးညီညီမော်က“ကျွန်တော်တို့အဓိကခရီးသည်တွေအတက်အဆင်းလုပ်တဲ့အချိန်မှာပြုံတက်၊ ပြုံဆင်းဒါဟာပြီးခဲ့တဲ့ အပတ်က လည်းမီဒီယာတွေမေးထားတာရှိပါတယ်။ ဒီဟာကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ စမ်းသပ်ပါတယ်။ စမ်းသပ်တဲ့နေရာမှာအဖြေကတချို့နေရာတွေမှာအပိုင်းကဏ္ဌတွေကွဲပြီးတော့ တွေ့ရတာရှိပါတယ်။ တချို့မှတ်တိုင် တွေမှာကဒီဘက်ကတန်းစီပြီးတော့ တက်လို့ရအောင် ဆောင်ရွက်ပေးရမယ့် အခြေအနေတွေကိုမြေပြင်မှာလေ့လာတွေ့ရှိတာရှိသလိုခရီးသည်ဘက်ကိုလည်းပညာပေးရမယ့် အခြေအနေလေးတွေ ရှိပါ တယ်။”ဟုပြောသည်။

YBS စီးနင်းခငွေပေးချေရာတွင် အသုံးပြုမည့် YBS ကဒ်စနစ်ကိုစတင်အကောင်ထည်ဖော်နိုင်ရန် ပထမအသုတ်အနေဖြင့် YBS ယာဉ်အစီးရေ ၁၄၅၈ စီးမှာကဒ်စနစ်နှင့်ငွေပေးချေစက်တပ်ဆင်ပြီးဖြစ်ကာယင်းထဲက၁၃၄၅ စီးကိုစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့စမ်းသပ်ခဲ့ရာတွင် ဘတ်စ်ကားမှတ်တိုင်မှာခရီးသည်များအစုလိုက်တိုးကြိတ်ပြီးကားပေါ်သို့ တက်သည့်အခါ ကဒ်မဖြတ်ခြင်းနှင့် ကဒ်ဖြတ်၊ မဖြတ်ကိုသိရှိရန် စက်ကထွက်ပေါ်လာသည့် ဘာသာစကားမှာရှည်လျားနေ သည့်အတွက်ကြောင့် ခရီးသည်များအဆင်မပြေမှုဖြစ်လာမည့် အပိုင်များကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် ဘတ်စ်ကားမှတ်တိုင်များတွင် တန်းစီပြီးတက်လို့ရအောင် ခရီးသည်များကိုအသိပညာပေးသွားမည် ဖြစ်ကာကဒ်ဖြတ်၊ မဖြတ်ကိုသိရှိရန် စက်ကထွက်ပေါ်လာမည့် ဘာသာစကားနေရာတွင် တိုတောင်းသောအသံ စနစ်ကိုပါ ပြောင်းလဲနေကြောင်းလည်း YRTA က ပြောသည်။

လက်ရှိအနေအထားအရကဒ်ဖြတ်နှုန်းထားမှာတစ်စက္ကန့်နှင့် တစ်စက္ကန့်ခွဲနှုန်းထားကြာမြင့်ပြီးကဒ်ဖြတ်နိုင်သည့် အကွာအဝေးမှာ ၁၀ စင်တီမီတာရှိကြောင်းလည်းသိရသည်။

Omini Focus ကုမ္ပဏီManaging Directorဦးထွန်းတောက်ဝင်းက “ကဒ်စနစ်နဲ့ ဆိုလို့ ရှိရင်တော့ ဘာမှပြောနေစရာမလိုတော့ဘူးပေါ့နော်။ ကဒ်ကုမ္ပဏီကဘယ်လိုတာဝန်ခံမှုတာဝန်ယူမှုရှိသွားမှာလဲ။ ဘယ်လိုဝန်ဆောင် မှုတွေပေးသွားမှာလဲ။ ဘယ်လိုမျိုးလမ်းညွန်မှုပေးနိုင်မလဲ။ ကျွန်တော်တို့ဖက်ကဘာတွေပြင်ရမလဲပေါ့။ အဲဒီအပေါ်မူတည်ပြီးတော့မှ ကဒ်စနစ်ကိုပြည်သူလူထုကလည်းအရင်ကထက် ပိုပြီးတော့မှ တိတိကျကျမှန်မှန်ကန်ကန် သုံးမယ်။ ကျွန်တော်တို့အတွက်လည်းအကျိုးရှိမယ်ဆိုရင်တော့ ဒီထက်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ဖက်က မျှော်လင့်လို့ ရတာပေါ့။”ဟုပြောသည်။

ယင်းအပြင် လက်ရှိတွင် ဒုတိယအသုတ်အနေဖြင့် ကဒ်စနစ်နှင့် ငွေပေးချေသည့် စက်တပ်ဆင်ပြီးပြီဖြစ်သော YBS ယာဉ်အစီးရေ ၄၃၂ စီးကိုစမ်းသပ်နေပြီးစမ်းသပ်လို့ အောင်မြင်သည့် အဆင့်ရောက်ရင် ကဒ်ကိုမည်သို့အသုံး ပြုရမည်ကိုပြသသွားမည် ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်အဖွဲ့ (YRTA) က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly