အီရတ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှု ဦးနှောက်ထိခိုက်သူအမေရိကန်တပ်သား ၁၁၀ ဦးရှိ

အီရတ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှု ဦးနှောက်ထိခိုက်သူအမေရိကန်တပ်သား ၁၁၀ ဦးရှိ
Photo  - AFP

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂။               ။ ပြီးခဲ့သည့်လအစောပိုင်းက အီရတ်ရှိ အမေရိကန်တို့၏ စစ်အခြေစိုက်စခန်းများကို အီရန်တို့က ဒုံးကျည်များဖြင့်တိုက်ခိုက်ခံခဲ့မှုကြောင့်  ဦးနှောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမေရိကန် တပ်သားဦးရေသည် ၁၁၀ ဦးအထိရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

ဦးနှောက်ထိခိုက်ဒဏ်ရာ (Traumatic Brain Injury - TBI) ရရှိသူများကို ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီး ၇၇ ဦးမှာ မူလတာဝန်ပြန်လည်ထမ်းဆောင်နေကြောင်း ပင်တဂွန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိများအနက်မှ ၃၅ ဦးသည် ဂျာမနီတွင် ကုသမှုခံယူခဲ့ကြရကာ ထိုအထဲမှ ၂၅ ယောက်ကို အမေရိကန်သို့ ပြန်ပို့လိုက်ကြောင်းသိရသည်။

အီရန်တို့သည် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များက အီရတ်အနောက်ပိုင်း Ain al-Asad အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်သား တစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များကထုတ်ပြန်ခဲ့သော်လည်း သမ္မတဒေါ်နယ်ထရမ့်က တစ်ဦးမျှ ထိခိုက်ခြင်းမရှိကြောင်း ကနဦးတွင် ပြောဆိုခဲ့သည်။

အီရန်သည်  ဩဇာကြီး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ ဘဂ္ဂဒက်တွင်ရောက်ရှိစဉ် အမေရိကန်တို့၏ သုတ်သင်မှုကိုခံခဲ့ရသောကြောင့် လက်စားချေသည့်အနေဖြင့် အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required