ဖေဖော်ဝါရီ ၂၁။ ။ ဒီမိုကရေစီလိုလားတဲ့ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ထိုင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးက ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြေညာလိုက်သည်။
စစ်တပ်နဲ့ မဟာမိတ်ပြုထားတဲ့ ထိုင်းအစိုးရအတွက် အဓိက အတိုက်အခံအင်အားစုလည်း ဖြစ်တဲ့ Future Forward ပါတီကို ထိုင်း ဖွဲ့စည်းပုံ ခုံရုံးက ဖျက်သိမ်းစေခဲ့တာ ဖြစ်ပါတယ်။
ပါတီ ဖျက်သိမ်းစေရတဲ့ အကြောင်းရင်းကတော့ ယင်းပါတီ တည်ထောင်သူ ဘီလျံနာပုဂ္ဂိုလ်ဆီကနေ ချေးငွေ ဒေါ်လာ ၆ သန်း ရယူထားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ Future Forward ပါတီရဲ့ တည်ထောင်သူ Thanathorn Juangroongruangkit အပါအဝင် ပါတီအမှုဆောင်တွေကို ပါတီနိုင်ငံရေး လုပ်ကိုင်ခွင့် ဆယ်နှစ် ပိတ်ပင်လိုက်ကြောင်း တရားသူကြီး Nakarin Mektriarat က ပြောသွားပါတယ်။