အိန္ဒိယ ကားမတော်တဆမှု လူ ၁၉ ဦးထက်မနည်း သေဆုံး

အိန္ဒိယ ကားမတော်တဆမှု လူ ၁၉ ဦးထက်မနည်း သေဆုံး
Photo  - AFP

ဖေဖော်ဝါရီ ၂၁။         ။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်က ကား မတော်တဆမှုတစ်ခု ကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာတော့ ထရပ်ကားတစ်စီးပေါ်ကနေ ကုန်သေတ္တာတစ်လုံး ပြုတ်ကျပြီး မျက်နှာချင်းဆိုင်ကနေ လာနေတဲ့ ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မျက်မြင်တွေ့ရှိသူတွေအဆိုအရ ထရပ်ကားဟာ ဘီးပေါက်ခဲ့ပြီးနောက် တင်ဆောင်လာတဲ့ ကုန်သေတ္တာဟာ အောက်ကို လျောကျသွားပြီး ဘတ်စ်ကားကို ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတွေက ပြောပါတယ်။

“ ဘတ်စ်ကားပေါ်မှာက လူ ၄၈ ယောက်လောက် လိုက်ပါလာခဲ့ပါတယ်၊ ဒီ မတော်တဆမှုကြောင့် ဒဏ်ရာရသွားသူ အများအပြားကလည်း အခြေအနေ စိုးရိမ်နေရပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသွားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း တမီနာဒူပြည်နယ် Tiruppur မြို့မှာ အဆိုပါ မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly