ဆီးရီးယားမှာ တူရကီတပ်နဲ့ မဟာမိတ်သူပုန်တွေနဲ့ အစိုးရထောက်ခံတဲ့ တပ်တွေကြား တိုက်ပွဲဖြစ်

ဆီးရီးယားမှာ တူရကီတပ်နဲ့ မဟာမိတ်သူပုန်တွေနဲ့ အစိုးရထောက်ခံတဲ့ တပ်တွေကြား တိုက်ပွဲဖြစ်
Photo  - AFP

ဖေဖော်ဝါရီ ၂၁။         ။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ တူရကီတပ်ဖွဲ့တွေနဲ့ ၎င်းတို့ရဲ့ မဟာမိတ် ဆီးရီးယားသူပုန်တပ်တွေနဲ့ ဆီးရီးယား အစိုးရထောက်ခံတဲ့ တပ်တွေကြား ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားရာမှာ တိုက်ခိုက်ရေးသမား ၂၇ ဦး သေဆုံးပါတယ်။

အဲဒီ ထိပ်တိုက်တိုက်ပွဲမှာ အစိုးရ ထောက်ခံတဲ့ တပ်က တိုက်ခိုက်ရေးသမား ၁၁ ဦး၊ သူပုန်တပ်ဖက်က ၁၄ ဦးနဲ့ တူရကီစစ်သားနှစ်ဦး ကျဆုံးကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အီဒလစ်ဒေသက လေကြောင်းထိုးစစ်တစ်ရပ်အတွင်း တူရကီစစ်သားနှစ်ဦး ကျဆုံးကြောင်းကို တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တူရကီတပ်တွေနဲ့ အမြောက်ကြီး ပစ်ကူမှုနဲ့ သူပုန်တပ်တွေဟာ အစိုးရအဓိက ထိန်းချုပ်ရာ ဆာရာဆက်နဲ့ အီဒလစ်မြို့တော်ကြားက နေရတ်အရပ်ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

နောက်ပိုင်းမှာ ရုရှားနဲ့ ဆီးရီးယား အစိုးရတပ်တွေနဲ့ နာရီအတန်ကြာ လေကြောင်းထိုးစစ်ကြောင့် သူပုန်တပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

မကြာသေးတဲ့ သီတင်းပတ်တွေက ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်တွေဟာ ရုရှားကျောထောက်နောက်ခံနဲ့ နိုင်ငံတွင်းက သူပုန်ထိန်းချုပ်ရာ နယ်မြေကို တိုက်ခိုက်ခဲ့ပါတယ်။

ခုလို အပြန်အလှန်တိုက်ပွဲတွေကြောင့် ဆီးရီးယားနိုင်ငံမှာ လူ ကိုးသိန်းနီးပါးခန့် စစ်ဘေးရှောင်ထွက်ပြေးရကြောင်း ကုသသမဂ္ဂ စာရင်းဇယားတွေက ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly