ချယ်လ်ဆီးကွင်းလယ်လူ ရာမီရက်စ် စာချုပ်သစ်ချုပ်ဆို

ချယ်လ်ဆီးကွင်းလယ်လူ ရာမီရက်စ် စာချုပ်သစ်ချုပ်ဆို

လန်ဒန်၊ အောက်တိုဘာ ၃၀ ။           ။ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား ရာမီရက်စ်သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ရာမီရက်စ်သည် ချယ်လ်ဆီးအသင်းသို့ ၂၀၁၀ ခုနှစ်က ရောက်ရှိလာသူဖြစ်ပြီး အသင်းနှင့်အတူ အဓိက ဆုဖလားများအားလုံး အောင်မြင်မှုရရှိခဲ့သူ ဖြစ်သည်။ ချယ်လ်ဆီးအတွက် ယခုအချိန်အထိ ပွဲပေါင်း ၂၄၁ ပွဲ ကစားပေးထားသည်။

'ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ အသင်းနဲ့အတူ အဓိက ဆုဖလားအားလုံးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ လာမယ့် လေးနှစ်မှာလည်း အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ လန်ဒန်မှာ အလွန်ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ထားပါတယ်' ဟု ရာမီရက်စ်က ပြောသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly