တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အသုံးအဆောင်ပစ္စည်းများ မူပိုင်ခွင့်ပြုလုပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

20 February 2020
တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အသုံးအဆောင်ပစ္စည်းများ မူပိုင်ခွင့်ပြုလုပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသော ရိုးရာဓလေ့ အက၊ အစားအသောက်၊ အဝတ်အစားနှင့် အသုံးအဆောင် ပစ္စည်းများအား မှတ်ပုံတင်ထားရန် လိုအပ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုသို့ မှတ်ပုံတင်ထားမှသာလျှင် အိမ်နီးချင်းနိုင်ငံများ၏ တုပ၍ပုံဖော်မှုများ ပြုလုပ်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်သည်ဟု ၎င်းက ပြောသည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ ချင်းလူမှုရေးအသင်း-ရန်ကုန်မှ ဦးဆောင် ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့  အခမ်းအနားမှာ အထက်ပါ အတိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိင်ငံအနေနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများဖြင့်  ရိုးရာယဉ်ကျေးမှုချင်း ဆင်တူနေခြင်းကြောင့် တိုင်းရင်းသား လူမျိုးများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများနှင့် သက်ဆိုင်သည့် အဝတ်အထည် ဒီဇိုင်း၊ လူသုံးကုန် ထုတ်ကုန်များ၊ မျိုးနွယ်စု အကများ စသည်တို့ကို မြန်မာနိုင်ငံ၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ၏ အကာအကွယ်ယူထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရိုက်ကူး/တည်းဖြတ်  -   ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly