ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် မက်ဆီကို ဘရာဇီးလိဂ် နည်းပြအများစုရွေးချယ်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် မက်ဆီကို ဘရာဇီးလိဂ် နည်းပြအများစုရွေးချယ်

ဘရာဇီး၊ အောက်တိုဘာ ၃၀ ။                ။ ဘရာဇီးလိဂ် အသင်း ၂၀ မှ နည်းပြအများစုက အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ပေါ်တူဂီနှင့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ထက်ပိုမိုကောင်းမွန်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခဲ့ကြသည်။

အသင်း ၂၀ စလုံးမှ နည်းပြများကို မက်ဆီနှင့်စီရော်နယ်ဒိုတို့နှစ်ဦးမှ တစ်ဦးကို ဝယ်ယူခွင့်ရရှိမည်ဆိုလျှင် မည့်သူ့ကို ဝယ်ယူမည်နည်းဟု မေးမြန်းခဲ့ရာတွင် အများစုကို မက်ဆီကို ရွေးချယ်ခဲ့ကြသည်။

ဘရာဇီးနှင့် အာဂျင်တီးနားတို့အကြားတွင် ကြီးမားသည့် ပြိုင်ဆိုင်မှုများရှိနေသော်လည်း ဘရာဇီးကလပ်နည်းပြအများစုက မက်ဆီကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

မက်ဆီသည် ဘရာဇီးကလပ်အသင်း ၂၀ တွင် နည်းပြ ၁၄ ဦး၏ ရွေးချယ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ စီရော်နယ်ဒိုကို ငါးဦးက နှစ်သက်ခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းနည်းပြဟောင်း မာနိုမန်နီဇက်မှာ နှစ်ဦးစလုံးကိုရွေးချယ်ရန်ငြင်းပယ်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly