ရန်ကုန်မြို့ လမ်းမတော်သံဈေး မီးလောင်မှု သေဆုံးသူမရှိ ၈ဦးဆေးရုံတင်ထား

ရန်ကုန်မြို့ လမ်းမတော်သံဈေး မီးလောင်မှု သေဆုံးသူမရှိ ၈ဦးဆေးရုံတင်ထား
ဓာတ်ပုံ - နောင်နောင်

ဖေဖော်ဝါရီ ၂၀။                ။ ယနေ့ (၂၀..၂၀၂၀)နံနက် ခြောက်နာရီငါးမိနစ်မှစတင်လောင်ကျွမ်းသည့် သံဈေးမီးလောင်မှုတွင် ဦးဆေးရုံပို့ထားပြီး စိုးရိမ်ရသူမရှိသလိုသေဆုံးသူမရှိကြောင်း မီးလောင်မှုသို့သွားရောက် သတင်းရယူနေသော မဇ္ဈိမသတင်း ထောက်မှသတင်းပေးပို့သည်။

အားမာန်လူငယ် ပရဟိတအသင်း နာယက ကိုကျော်စိုးနိုင်က ''လက်ရှိတော့ ယောက်ဆေးရုံပို့လိုက်တယ်''ဟုပြောသည်။ကယ်ဆယ်ရေးများဆက်လက်လုပ်ဆောင်နေရသောကြောင့် ဆေးရုံပို့ဆောင်ရသူများ ၏အသက် အရွယ်နှင့် အခြေအနေကို တာဝန်ရှိသူများမှပြောကြားနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ - နောင်နောင်

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် () ရပ်ကွက် လမ်းမတော်လမ်း သံဈေး မီးလောင်မှုမှာ Level - 5 အဆင့်အထိ မီးငြိမ်းသတ်မှုများပြုလုပ်ခဲ့ရပြီး နံနက် ကိုးနာရီခွဲအချိန်အထိ စုစုပေါင်း၈၄ ဦး ကယ်ဆယ်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

ဓာတ်လှေကားအတွင်းနှင့် (၁၀)လွှာတွင် လူများပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ ကယ်ဆယ်နိုင်ရေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရကြောင်းလည်းသိရသည်။

 

အချိန်နှင့် တပြေးညီဆက်လက်ဖော်ပြပါမည်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly