ဂျာမနီမှာ သေနတ်ပစ်ခတ်မှုဖြစ်ရာ လူ ရှစ်ဦး သေဆုံး

ဂျာမနီမှာ သေနတ်ပစ်ခတ်မှုဖြစ်ရာ လူ ရှစ်ဦး သေဆုံး
Photo  - AFP

ဖေဖော်ဝါရီ ၂၀။               ။ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့အနီးမှာ ဖေဖော်ဝါရီ ၁၉ ရက် နှောင်းပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်လို့ လူ ရှစ်ဦး သေဆုံးပြီး အရေအတွက် မသိရသေးတဲ့ ပစ်ခတ်မှု ကျုးလွန်သူတွေ လွတ်မြောက်နေဆဲဖြစ် တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖရန့်ဖတ်မြို့နဲ့ ၁၂ မိုင်ခန့်အကွာက ဟန်နူမြို့က ရှီရှာဘားတစ်ခုမှာ ဝင်ရောက်ပစ်ခတ်တာ ဖြစ်ပြီး လူဦးရေ ကိုးသောင်းဝန်းကျင်ရှိတဲ့ ဒီမြို့မှာ ရဲတပ်ဖွဲ့ဟာ တရားခံတွေနောက် အသည်းအသန် လိုက်လံရှာဖွေလျက် ရှိပါတယ်။

မြို့လယ်က ဘားတစ်ခုမှာ ဒေသစံတော်ချိန် ၁၀ နာရီဝန်းကျင်မှာ ပထမ ပစ်ခတ်မှု ဖြစ်ပွားတာ ဖြစ်ပြီး သေနတ်ပစ်ခတ်သံ ၁၂ ချက်လောက် ကြားရတယ်လို့ မျက်မြင်တွေက ပြောကြောင်း ဌာနေမီဒီယာတွေက ဖော်ပြပါတယ်။

အဲဒီနောက်မှာ ပစ်ခတ်တဲ့သူတွေဟာ ကားနဲ့ ထွက်ပြေးသွားကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီလို ထွက်ပြေးပြီးနောက်မှာ ဒုတိယမြောက် ထပ်မံ ပစ်ခတ်ပြန်တာ ဖြစ်ပါတယ်။

ပထမ ပစ်ခတ်မှုမှာ လူ သုံးဦး သေဆုံးပြီး ဒုတိယ ပစ်ခတ်မှုမှာ ငါးဦး သေဆုံးတာဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ဂျာမနီနိုင်ငံအနေနဲ့ မကြာသေးခင် နှစ်တွေမှာ အစွန်းရောက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာလအတွင်းက ဘာလင်မြို့လယ်မှု ပစ်ခတ်မှု ဖြစ်လို့ လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required