ကိုရိုနာကုသရေးအတွက် နာလန်ထလူနာတွေက သွေးရည်ကြည်များ လှူဒါန်းကြရန် တရုတ် တိုက်တွန်း

ကိုရိုနာကုသရေးအတွက် နာလန်ထလူနာတွေက သွေးရည်ကြည်များ လှူဒါန်းကြရန် တရုတ် တိုက်တွန်း

ဖေဖော်ဝါရီ ၁၈ ။                 ။ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ကိုရိုနာကုသပျောက်ကင်းတဲ့ လူနာတွေအနေနဲ့ နာဖျားမကျန်းဖြစ်နေဆဲ ကိုရိုနာလူနာတွေကို ကုသနိုင်ဖို့ သွေးရည်ကြည်တွေ လှူဒါန်း ရန် ဖေဖော်ဝါရီ ၁၈ ရက်က တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၀ ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၅၀၀ ကျော်ထက်မနည်းရှိနေပါတယ်။

အဲဒီ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးဝါးကို ဆေးကုမ္ပဏီတွေဟာ ထုတ်လုပ်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြလျက် ရှိပါတယ်။

ကိုရိုနာဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာတဲ့ လူတွေရဲ့ သွေးရည်ကြည်ဟာ ကိုရိုနာကြောင့် အပြင်းအထန် နာမကျန်းဖြစ်နေတဲ့ လူနာတွေကို ဗိုင်းရပ်စ်ဒဏ် လျော့ပါးသက်သာစေတဲ့လို့ တရုတ်ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကိုရိုနာကနေ ကုသပျောကင်းတဲ့ လူနာတွေကို တိုက်တွန်းလိုပါတယ်။ ကိုရိုနာလူနာတွေကို ကုသနိုင်ဖို့အတွက် သွေးရည်ကြည်တွေ လှူဒါန်းပေးကြပါလို့ တိုက်တွန်းလိုပါတယ်။”လို့ ကော်မရှင်ရဲ့ အကြီးအကဲ ဂိုယန်းဟောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly